အပိုင်း ၂

3K 133 2
                                    

Koe (နှလုံးသားအရင်းအနှီး):

"ဟိုကောင်ဇောဓန! !!ဒါဘယ်တုန်း"

"ထိပ်တုံးကလွတ်ပြီလေ ထန်းတောပေါ့အဘရဲ့
ကျုပ်က ဘယ်သွားရမှာတုန်း"

"နေဦး ငါခိုင်းစရာရှိသေးတယ်"

"ဟာအဘရယ် ခိုင်းစရာရှိရင် အဘတပည့်တွေကိုခိုင်းလေ
ကျုပ်ကအားတာမဟုတ်ဘူး
ထန်းရည်သောက်ပြီးရင် ဟိုဘက်ရွာသွားရဦးမှာ"

"ဟိုဘက်ရွာကို မင်းကဘာလုပ်တုန်း"

"အော်အဘရယ် ဟိုဘက်ရွာမှာ ဒေါ်လေးယဥ်နုရဲ့ အသုဘရှိတယ်လေ
ပြီးတော့ အမရှိစဥ်ခါထဲက ဒေါ်လေးယဥ်နုနဲ့ သားတို့ဆိုတာ
ဆွေမျိုးရင်းချာတွေလိုနေလာတာမဟုတ်လား"

"အဲ့တော့..."

"ကျုပ်က အဘသားပါဗျ လူမှု့ရေးမခေါင်းပါးပါဘူး"

"အော်...မင်းကသွားပြီး ကူလုပ်မယ်ပေါ့"

"ဟင့်အင်း ဖဲရိုက်"

"ဒီခွေးသားကတော့!!!"

သူကြီးက ဆဲလဲဆဲ ရှေ့က ရေနွေးဖန်ခွက်နဲ့လဲ
ကောက်ထုဖို့ပြင်နေတာကြောင့်
ဇောဓန စားပွဲအောင်ဝပ်နေလိုက်ရသည်။
အဘဘေးက ရွာလူကြီးတွေ ဝိုင်းဆွဲမှ
သူလဲသက်သာရာ ရတော့၏။

"ဟင်းးး ဆဲရင်လဲ ငါကခွေးဖြစ်ဦးမယ်
တော်ပြီ တော်ပြီ မင်းနဲ့ငါတော့ အသက်တိုတယ်
မင်းဘာသာ သွားချင်တဲ့နေရာသွား
အိမ်ကိုပြန်မလာနဲ့
အေး ဒါပေမဲ့ မနက်ဖြန် ရွာကိုလာတဲ့ ဆရာလေးကို မြို့ကားဂိတ်ထိ
မင်းသွားကြိုပေးရမယ်"

"ဗျာ...!!!
ဟာအဘရာ မသွားချင်ပါဘူး
ဟိုကောင်ကြွက်နီတို့ကိုခိုင်းပါ့လား"

"တိတ်! !! ကြွက်နီက ဆရာလေးနေဖို့အတွက်
ကျောင်းထဲက အိမ်ကိုသန့်ရှင်းရေးလုပ်ရမှာ"

"ဒါဆို သံလုံးတို့ မဲတူတို့ကရော"

"သူတိူ့လဲမအားဘူး နောက်ရက် ဆရာလေးအတွက် ချက်တာပြုတ်တာ တာဝန်ယူထားရတယ် အားအားယားယား မင်းပဲရှိတယ်
အဲ့တာမင်းသွားကြိုလိုက်"

"ဟာဗျာ အဘတို့နဲ့တော့ ခက်နေပါပြီ"

"တိတ်စမ်း!!!
မင်းဆရာလေးကိုသွားကြိုမလား
ရွာဦးကျောင်းက ဆရာတော်ဆီသွားမလား
ဒါပဲပြော! !!"

စိမ့်စမ်းရေလို အေးစေ...နွေးစေ...    စိမ့်စမ်းရေလို အေးစေ...နွေးစေ...Where stories live. Discover now