အပိုင်း ၃ zg

558 7 0
                                    

Koe (နှလုံးသားအရင်းအနှီး):

"အဘရေ...အဘ!!!
ဒီမှာ ရွာကိုလာတဲ့ ကျောင်းဆရာအသစ်လေးရောက်လာပြီဗျ"

ဇောဓနတစ်ယောက် အိမ်ရှေ့မရောက်ခင်ကတည်းက သူ့အဘကို
တစ်ရွာလုံးကြားအောင်လှမ်းအော်လေသည်။

"ဟေ့...အေးအေး ခေါ်လာခဲ့ ငါကနောက်ကျဦးမယ်ထင်တာ
လာလာလာ ဆရာလေးလာထိုင် ခရီးပန်းနေရောပေါ့"

"မပန်းပါဘူး သူကြီးရယ် အားလုံးအဆင်ပြေပါတယ်"

"ကောင်းပါပြီဗျာ ကဲ ဆရာလေးရော့ အမောပြေ လက်ဖက်နဲ့ရေနွေးခြမ်းလေး...
ဆရာလေးအတွက်နေစရာကိုတော့ ကျောင်းထဲမှာပဲ ထားပေးထားတယ်
အဆင်ပြေရဲ့လားမသိဘူး"

"ဟာ အဘကလဲ မလိုပါဘူး ဒီမှာပဲထားပေါ့
ဒီအိမ်မှာက မိန်းကလေးရှိတာမှတ်လို့"

"အေး မိန်းကလေးမရှိပေမဲ့ မင်းရန်ကိုကြောက်လို့ဟေ့ ရှင်းပလား!!!"

"ဟာဗျာ ကျုပ်ကဘာလုပ်နေလို့တုန်း
ဒီမှာနေတော့ ဆရာလေးလဲ အဖော်ရတာပေါ့
ကျောင်းထဲမှာဆို တစ်ယာက်တည်းနေရမှာ
ညရေးညတာ အကူအညီလိုရင် ဘယ်နှယ်လုပ်မတုန်းဗျ"

"အေးအဲ့တာလဲဟုတ်တာပဲ
ကဲ ဆရာလေးသဘောကရော ကျုပ်အိမ်မှာနေလဲအဆင်ပြေတယ်"

"ရပါတယ် ဒီကလူကြီးတွေစီစဉ်တဲ့အတိုင်း ကျွန်တော်လိုက်နာပါ့မယ်"

"ကဲ ဒါဆိုပြီးပြီပေါ့ ဆရာလေးက ကျုပ်အိမ်မှာပဲနေလိုက်တော့
အခုတော့နားလိုက်ပါဦး မနက်မှကျောင်းအခြေအနေကို ကျုပ်လိုက်ပြမယ်"

ဇောဓနက ပြောပြောဆိုဆိုနဲ့ ဆရာလေးရဲ့အထုတ်နှစ်ထုတ်ကိုထမ်းကာ
အိမ်ပေါ်ထပ်က သူ့အခန်းထဲ ထည့်ထားလိုက်တော့သည်။
သူကြီးလဲ တအားကိုစိတ်အားထက်သန်နေတဲ့ သားဖြစ်သူအားမယုံကြည်နိုင်ဖြစ်နေရသည်။
ညရောက်တော့ ဆရာလေးက သူ့အခန်းထဲမှာအိပ်ပြီး
သူကတော့ ဘုရားစင်ရှိရာခေါင်းရင်းခန်းတွင်အိပ်လေသည်။
အဘကတော့ ဒူးမကောင်း၍ အပေါ်ထပ်တွင်မအိပ်တာကြာခဲ့လေပြီ

နောက်တစ်နေ့မနက်မှာတော့ စောစောစီးစီး တက်ကြွတဲ့ကြက်ဖဖြစ်နေတဲ့
သားဖြစ်သူက အိမ်နောက်က ရေစည်ထဲ ရေဖြည့်နေသံကြားတာကြောင့်
ဖခင် ဖြစ်သူ သူကြီးမှာတအံ့တသြ...

စိမ့်စမ်းရေလို အေးစေ...နွေးစေ...    စိမ့်စမ်းရေလို အေးစေ...နွေးစေ...Where stories live. Discover now