အပိုင်း ၆

3K 115 0
                                    

Koe (နှလုံးသားအရင်းအနှီး):

ညနေ နေဝင်ရီတရိုးအချိန် တော်တော်လေးလူသူကင်းပြီး
မှောင်စပြုလာတော့မှ ဇောဓနအိမ်ပြန်လာဖြစ်သည်။
အကြောင်းအရင်းကတော့အထူးတလည်ပြောရန်မလို
သေချာပေါက် ဆရာလေးကြောင့်သာ

သူခြံပေါက်ဝရောက်တော့ အိမ်ရှေ့ တန်းလျားတွင် ဆေးပြင်းလိပ် ဆေးတံကိုဖွာနေသောအဘက

"ဟဲ့ ဇောဓန ဆရာလေးရော"

"ကျုပ်သိမလား ကျုပ်ကအခုမှလယ်ထဲက ပြန်လာတာလေ"

ဇောဓနလဲ ဆရာလေးအကြောင်းမေးနေသည်မို့ ခြေလက်ဆေးရင်း
စိတ်မကြည်လင်စွာပြန်ဖြေလေသည်။

"ဟေ မင်း အဲ့အချိန်ထိ လယ်ထဲမှာဘာလုပ်နေတာတုန်း
နေပါဦး ဒါဆို ဆရာလေးကပျောက်နေတာပေါ့"

အဘရဲ့နောက်ဆက်တွဲစကားကြောင့် ဇောဓနလန့်သွားရသည်။

"ပျောက်နေတယ်... ? သူအိမ်ပြန်မလာဘူးလား"

"အေး မလာဘူး ငါကမိုးရွာနေသေးလို့ ပြန်မလာသေးဘူးထင်တာ
ပြီးတော့ မင်းသွားကြိုနေကြဆိုတော့ မင်းနဲ့အတူရှိနေမယ်ထင်နေတာ"

ထိုအခါမှ ဇောဓနလဲ လှုပ်လှုပ်ရှားရှားဖြစ်ကာ

"ဒါဆို ကျုပ်ကျောင်းမှာသွားရှာလိုက်မယ် အဘက ကြွက်နီတို့ကိုခေါ်ပြီး
ရွာထဲတချက်ရှာကြည့်ဦး"

ထိုသို့ဆိုကာ ဇောဓနလဲ ရွာလမ်းအတိုင်း ကျောင်းရှိရာဆီအပြေးနှင်ရတော့၏။ ညနေထဲက ရွာနေတဲ့မိုးသည် ဘယ်အငြိုးနဲ့များရွာသွန်းဖြိုးနေလဲမသိ အခုချိန်ထိကို မတိတ်နိုင်သေးပေ တဖြေးဖြေးမိုးမှောင်ကျလာခဲ့သည်
တဖြေးဖြေးမှောင်ရိပ်သန်းလာသည်နှင့်အမျှ ဇောဓနမှာ ဆရာလေးအတွက်စိုးရိမ်ကြီးလာရ၏။

ကျောင်းကိုရောက်တော့ ရေနံဆီမီးအိမ်ရဲ့ အလင်းသေးသေးကိုမြင်လိုက်ရတယ်ဆိုရင်ပဲ ဇောဓန၏ စိုးရိမ်မှု့စိတ်အစုံတို့မှာ အနည်းငယ်လျော့ကျသွား၏။

"ဆ...ဆရာလေး! !!"

ဖန်မီးအိမ် မှိန်ပြပြရှေ့မှာ ငူငူငိုင်ငိုင် ထိုင်မှိုင်နေတဲ့ ဆရာလေးက သူ့ကိုမြင်မှ အတော်လေးစိတ်သက်သာရာ ရသွားဟန် မျက်လုံးလေးများက တဖြေးဖြေးအရောင်လဲ့လာ၏။
ထို့နောက် ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းအိမ်လေးထဲမှ အရည်ကြည်ဥလေးတွေတွဲခိုလာပြီး သူထံပါးအပြေးရောက်လာခဲ့သည်။
ထို့နောက် ခါးထက်ဖတ်တွယ်လာသော လက်တစုံက သူ့အားနောင်တကြီးစွာရစေသည်အထိ စွမ်းဆောင်နိုင်ပြန်ပါ၏။
တကိုယ်လုံး အေးစက်ပြီး တုံယင်နေခဲ့သည်မှာ ထိုနေရာတွင်အချိန်ကြာမြင့်စွာရှိနေကြောင်းသက်သာပြနေသယောင်

စိမ့်စမ်းရေလို အေးစေ...နွေးစေ...    စိမ့်စမ်းရေလို အေးစေ...နွေးစေ...Where stories live. Discover now