Koe (နှလုံးသားအရင်းအနှီး):
"အိမ်ရှင်တို့...ဗျို့အိမ်ရှင်တို့..."
"ဘာလဲကွ အော်ကြီးဟစ်ကျယ်နဲ့ ဘယ်သူနဲ့တွေ့ချင်လို့လဲ "
"ကျုပ်တို့က ....ရွာကပါ ဒီအိမ်မှာနေတဲ့
ဆရာလေးရဝေဆိုတဲ့သူနဲ့ကျုပ်တို့လာတွေ့တာ
ခဏလောက်ခေါ်ပေးပါလား "ထိုအခါ ခြံစောင့်ဦးသောင်းကလဲ သခင်မကြီးမှာထားတဲ့ အတိုင်းပြန်ဖြေကာ ထိုသူတို့အားမောင်းထုတ်လေတော့သည်။
"မရှိဘူး သခင်လေးက နောက်အပတ်သူ့လက်ထပ်ပွဲအတွက် ပြင်ဆင်စရာရှိတာတွေသွားပြင်ဆင်နေတယ် သွားတော့ မင်းတို့တွေ့ချင်တဲ့သူမရှိဘူး ပြန်ကြ !!! "
"ဗျာ!!! မ...မဖြစ်နိုင်တာ..."
ထိုအချိန် အိမ်တော်ကြီးထဲမှ ဝတ်ကောင်းစားလှတွေဆင်မြန်းထားတဲ့ အမျိုးသမီးကြီးတစ်ယောက်ထွက်လာကာ
"ဦးသောင်းရေ သားရွာက ကလေးတွေထင်တယ် ခြံတံခါးဖွင့်ပေးလိုက်ပါ"
"ဟုတ်ကဲ့ သခင်မ"
"ကဲ မောင်ရင်တို့ထိုင်ကြ ပြီးရင် မုန့်တွေလဲစားဦး မင်းတို့ရောက်လာမယ်လို့ ထင်တော့ထင်ပါတယ် "
ထိုအမျိုးသမီးကြီးက ဟန်ဆောင်အပြုံးတပွင့်ကိုမျက်နှာထပ်ချိတ်ဆွဲလျက်ဆိုလေ၏။
"ဟဲ့ မိသက်ရေ မုန့်တွေမြန်မြန်လာချလေ ဘာလုပ်နေတာလဲ
သူတို့က နင်တို့လိုလူဆိုပေမဲ့ ငါအိမ်လာတဲ့ဧည့်သည်ဟဲ့
ရိုရိုသေသေဆက်ဆံစမ်း! !!"နင်တို့လို လူဆိုတဲ့ စကားလုံးရဲ့ အဓိပ်ပါယျ အသွားအလာက သူတို့ကိုစော်ကားသလိုဖြစ်နေတာကြောင့် ကြွက်နီတို့အုပ်စုမှာရှူးရှူးရှဲရှဲ ဖြစ်နေရ၏။
သို့သော် သူများအရပ်ဒေသလဲဖြစ်
သူများရဲ့အိမ်လဲဖြစ်တာကြောင့် သည်းခံလိုက်ကာ"ရပါတယ် မစားတော့ပါဘူး ကျုပ်တို့ကဆရာလေးရဝေနဲ့တွေ့ချင်လို့ လာခဲ့တာပါ ခဏလောက်တွေ့ခွင့်ပေးပါ"
"အဟက် သားကမရှိဘူး သူ့မင်္ဂလာဆောင်အတွက်အလုပ်ရှုပ်နေတယ်လေ"
"ဘာဗျ!!!"
"အော် ဟုတ်သားပဲ မောင်ရင်တို့ကဘယ်သိဦးမလဲ သားကဆန္ဒစောပြီး
အလုပ်ပါထွက်လိုက်တော့ အဲ့ရွာကလူတွေကိုဘယ်ပြောရဦးမလဲ"
YOU ARE READING
Fantasyရွာရဲ့အကျော်အမော် လူဆိုးကြီးနဲ့ ကျောင်းဆရာလေးတို့ရဲ့ ချိုချိူချဥ်ချဥ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... ရွာရဲ့အကျော်အမော် လူဆိုးကြီးနဲ့ ကျောင်းဆရာလေးတို့ရဲ့ ချိုချိုချဉ်ချဉ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ...