Part ~1~

608 39 2
                                    

Unicode

မြို့ပြကြီးနဲ့အတန်ငယ်အလှမ်းဝေးလှတဲ့နယ်မြေလေးက ကြီးကျယ်ခမ်းနားခြင်းမရှိပေမဲ့ အေးချမ်းသာယာတဲ့ရွာငယ်လေးတစ်ခုဖြစ်သည်။ ရွာလူကြီးအုပ်ချုပ်မှုအောက်မှာငြိမ်းချမ်းစွာတည်ရှိနေတဲ့ရွာလေးက ရာသီအလီလီမှာမတူညီတဲ့အလှအပတွေနဲ့တည်ရှိနေခဲ့တာနှစ်တွေကြာညောင်းခဲ့ပြီဖြစ်သည်။

"ဗျို့ ရွာသူကြီး"

"ဘာတုန်း အားလုံ အလန့်တကြားနဲ့ပါလားကွ"

"မြို့တော်ကနေစာပါးလိုက်တယ်တဲ့ အဲ့ဒါလာပေးတာဗျ"

"အေးအေး ပေးခဲ့"

ရှောင်မု အားလုံပေးထားခဲ့တဲ့စာကိုဖတ်လိုက်တော့ နောက်နှစ်ရက်အတွင်းမြို့အုပ်မင်းရောက်လာမှာဖြစ်ကြောင်းအကြောင်းကြားစာဖြစ်နေလေသည်။
အင်း ဒီရွာလေးမှာမြို့အုပ်မင်းရောက်လာတော့မည် တိတ်ဆိတ်ညိမ်သက်လှတဲ့ရွာကလေးက လွန်ခဲ့တဲ့၃လလောက်ကစပြီးဓားပြတွေရန်ကြောင့်
ကြောက်လန့်နေခဲ့ရတာဖြစ်သည်။ သာယာနေသော်လည်းဓားပြရန်ကလူတွေအတွက်ထိပ်လန့်စရာဖြစ်နေလေသည်။ ထို့ကြောင့်သူကိုယ်တိုင်ပင်ဓားပြတွေကိစ္စဖြေရှင်းပေးဖို့မြို့ကရုံးချုပ်ကိုစာတင်ပြီးလျှောက်ထားခဲ့တာဖြစ်သည်။ ရွာလေးကမထင်ပေါ်လှပေမဲ့ စိုက်ပျိုးမြေကောင်းတဲ့ရွာလေးဖြစ်တာကြောင့်မြို့တော်ကဂရုတစိုက်ရှိကာရွာအရေးကိုဆောင်ရွက်ပေးလေ့ရှိသည်ပင်။ အကြောင်းကြားစာကိုစာအိတ်လေးထဲပြန်ထည့်ကာ အိမ်နောက်ဖေးတွင်အလုပ်လုပ်နေသောတူဖြစ်သူအားလှမ်းခေါ်လိုက်သည်။

"ကျန့်ကျန့်"

"ဗျာ"

လူထက်အသံအရင်ရောက်လာတတ်တဲ့ကောင်လေးက ရှောင်မုရဲ့အစ်မရှောင်ချင်းရဲ့တစ်ဦးတည်းသောသားဖြစ်ပြီး မိဘတွေကွယ်လွန်သွားချိန်ကစသူနဲ့အတူနေလာခဲ့သည်မှာ၁၀နှစ်ပါးရှိနေပြီဖြစ်သည်။

"လူအရင်လာလေကွယ် ဒီကလေးနှယ်"

"လာပြီဦးလေး"

"ကျန့်ကျန့်မနက်ဖြန်ရွာတောင်ပိုင်းက အိမ်ကိုသန့်ရှင်းရေးလုပ်ဖို့မင်းအစ်မရှောင်ရိနဲ့အတူတူသွားရမယ်"

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now