Part~6~

379 31 3
                                    

Unicode

မနက်စောစော ဝေလီဝေလင်းအချိန်မှာပဲမြို့တော်ကနေပြန်ထွက်လာခဲ့လိုက်ကြသည်။ ခရီးဝေးတာကြောင့်နေမဝင်ခင်ရောက်အောင်အစောထွက်လာခဲ့ကြတာဖြစ်သည်။

"ကောင်လေး အနောက်ခန်းမှာမင်းအတွက်မုန့်ပါတယ်"

"ဗျာ!"

ရှောင်ကျန့်ကားနောက်ခန်းကအထုပ်လေးတွေကိုလှမ်းယူကြည့်တော့ မနေ့ကသူကြည့်ခဲ့တဲ့အချိုမုန့်တစ်ချို့နဲ့ပစ္စည်းလေးတွေကိုတွေ့လိုက်တာကြောင့်အံ့အားသင့်သွားရသည်။

"ဒါတွေအကုန်ကျွန်တော့်အတွက်လား"

"အင်း အလုပ်မှာတော်လို့ဆုချတာ"

"ဟီး ကျေးဇူးပါဗျ"

တစ်လမ်းလုံးမုန့်စားလာလိုက်တာဟာ ရွာလမ်းထဲကိုဝင်မှရပ်တန့်သည်။ ဒါတောင်မုန့်ကုန်သွား၍ဖြစ်သည်။ ရိပေါ်တကယ်ကိုအံ့ဩမိသည် လူတစ်ယောက်ကအဲ့သလောက်စားနိုင်သည်တဲ့လား။ တစ်လမ်းလုံးမုန့်စားလာတဲ့ရှောင်ကျန့်ကတော့မြို့အုပ်မင်းဘာမှမစားရတာကိုသတိမမူမိဘဲအိပ်ပျော်သွားတော့သည်။

ရှောင်ကျန့်နိုးလာတော့ညဥ့်ဦးပိုင်းကိုရောက်နေပြီး သူ့ကိုယ်ကလည်းအရမ်းကိုပူနေလေသည်။ ဘေးဘီကိုကြည့်တော့မြို့အုပ်မင်းဝမ်ကသူ့ကိုကျောပေးကာအိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။ ရှောင်ကျန့်ရေဆာလှတာကြောင့်မြို့အုပ်မင်းကိုလည်းမနိုးရက်ပြီဖြစ်လို့ထဖို့ကြိုးစားပေမဲ့ကုတင်အောက်မှာလဲကျသွားသည်။

ရိပေါ်အိပ်နေရင်းအသံကြား၍မျက်လုံးဖွင့်ကြည့်တော့ကုတင်အောက်မှာလဲကျနေတဲ့ကောင်လေးကိုတွေ့လိုက်ရသည်။ အနားသွားကာကြည့်မိတော့မျက်နှာလေးရဲကာမျက်လုံးလေးတွေကငွေ့ရည်ဖွဲ့လို့နေသည်။ နဖူးကိုစမ်းကြည့်တော့ကိုယ်ပူသည်မှာလက်ပင်ခဏလေးအတွင်းပူလာရသည်။ ရိပေါ်ရှောင်ကျန့်ကိုပွေ့ချီကာကုတင်ပေါ်တင်ပေးလိုက်တော့သူ့ကိုစိုက်ကြည့်နေတဲ့ကောင်လေးကြောင့်...

"ရေဆာလို့လား"

"ဟုတ်"

ရိပေါ်ရေခပ်ရင်းဇလုံတစ်ခုထဲရေအေးအေးထည့်ကာပုဝါတစ်ထည်ကိုပါယူလာလိုက်သည်။ ကိုယ်ပူထိန်းအောင်ရေဝတ်တင်မှဖြစ်လိမ့်မည်။ ရေတိုက်ပြီးကုတင်ပေါ်ပြန်လဲစေကာရေဝတ်တင်ပေးတော့မျက်လုံးလေးမှိတ်ကာညိမ်သက်စွာအိပ်နေလေသည်။ ခရီးပန်း၍ဖျားပုံရသည် ခရီးဝေးကိုမနားမနေသွားလိုက်ရသလိုဖြစ်သွားသည့်အပြင် ခရီးဝေးမသွားဘူးတာကြောင့်လဲပါလိမ့်မည်ထင်ပါရဲ့။ ရိပေါ်ဆက်မအိပ်တော့ဘဲကောင်လေးကိုယ်ပူကျအောင်ရေပတ်တိုက်ပေးဖို့ပြင်ရပြန်သည်။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now