Part ~9~

275 19 3
                                    

Unicode

Mature onထားတာကြောင့် ဖတ်ဖို့အဆင်ပြေမှဖတ်စေချင်ပါတယ်ဗျ။ သန့်သန့်ကလေးပဲကြိုက်တယ်ဆိုရင် '*'နားအထိပဲဖတ်ဖို့ပြောချင်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဖတ်တာကြောင့် ရှုံချမှုမပြုဖို့လဲကြိုပြောချင်ပါတယ်ဗျ။

............................

ဒီရက်ပိုင်းအတွင်း ဓားမြတွေရဲ့သောင်းကြမ်းမှုတွေကိုဖြေရှင်းနိုင်လိုက်တာကြောင့် ရွာနီးစပ်ကအခြားရွာများကပါ မြို့အုပ်မင်းဝမ်ကိုလေးစားချစ်ခင်မှုရှိကြသည်။ ရှေ့ကမြို့အုပ်မင်းတွေနဲ့မတူဘဲ လာဘ်လာဘမစားသည့်အပြင်အမှန်တရားဘက်တော်သားဖြစ်တာကြောင့် သူခိုးတွေကအစချစ်ကြောက်ရိုသေကြရသည်အထိပင်။ သို့သော်မြို့အုပ်မင်းဝမ်ရဲ့လက်မှလွတ်မြှောက်နေသေးသည့်သူပုန်အဖွဲ့ရှိနေသည်ကြောင့် မြို့အုပ်ဝမ်မှာမအားလပ်ရှာပေ။

"ညနေစာအဆင်သင့်ဖြစ်ပြီနော် စားတော့မလား"

"ကိုယ်အလုပ်မပြီးသေးဘူး"

မြို့အုပ်မင်းဝမ်ဖတ်နေသည့် တိုင်စာတစ်ချို့နဲ့အချက်လက်စာရွက်စာတမ်းများမှာ ဆွဲယူခံလိုက်ရပြီး သိမ်းဆည်းခြင်းခံလိုက်ရလေသည်။

"ညနေစာစားပြီးမှပြန်ရမယ် ဘာဖြေရှင်းချက်မှမလိုချင်ဘူးနော်အခုထ"

"ဟားးး မတော်ရသေးတဲ့မြို့အုပ်ကတော်လေးကအာဏာသိပ်ပြတာပဲဗျာ"

"မြို့အုပ်မင်းဝမ်!"

"အခုပဲထပါပြီဗျာ"

တကယ်တော့လွန်ခဲ့တဲ့ရက်များကဆေးမြစ်သွားခူးသည့်နေ့ကစပြီးရှောင်ကျန့်နှင့်မြို့အုပ်မင်းတို့ရဲ့ဆက်ဆံရေးမှာ အဆင့်တက်လာခဲ့ပြီဖြစ်သည်။ နောက်လအတွင်းမြို့တော်ကိုသွားကာအဒေါ်ဖြစ်သူကိုအသိပေးပြီးလက်ထက်ကြဖို့ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဒါကြောင့်လဲမြို့အုပ်ကတော်လောင်းလျာလေးကအာဏာပြရာမှာပို၍ပို၍ရဲတင်းလာလေသည်။

ညစာစားပြီးချိန်မှာတော့ရိပေါ်အနေနဲ့သူပုန်အဖွဲ့ကိုနှိမ်နှင်းရမည့်အရေးကိုသာပြန်၍အာရုံစိုက်ထားရလေသည်။ ကြာကြာလွှတ်ထားလို့ကောင်းသည့်အရာမှမဟုတ်လေတာပဲ။

You've reached the end of published parts.

⏰ Last updated: Jul 27 ⏰

Add this story to your Library to get notified about new parts!

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now