Part~5~

333 21 0
                                    

Unicode

ရှောင်ကျန့်မြို့ကြီးတွေကိုတစ်ခါမှမရောက်ဘူးပါပေ။ အခုတော့မြို့အုပ်မင်းရဲ့ထည်ဝါတဲ့အိမ်ကြီးရဲ့ဧည့်ခန်းထဲကိုပါရောက်နေလေပြီ။ အပြင်ပန်းကြည့်ရုံနဲ့တင်ကျယ်လှသည့်အိမ်ကြီးက အတွင်းထဲတွင်ပို၍ကျယ်ကာခန်းနားသည်။ အလုပ်သမားများစွာတွေ့ပေမဲ့မိသားစုဝင်ဟူ၍ တစ်ယောက်မှမတွေ့ပါချေ။ ခဏအကြာမှ အသက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးကဧည့်ခန်းထဲဝင်လာကာမြို့အုပ်ဝမ်ရဲ့ဘေးတွင်ထိုင်သည်။

"သား အဆင်ပြေရဲ့လားအဲ့ဒီ့ဒေသမှာနေရတာ"

"အဆင်ပြေပါတယ်ဒေါ်ဒေါ်"

"ဒီဘက်ကကလေးက..."

"ရှောင်ကျန့်ပါဗျ"

"သူကရွာသူကြီးရဲ့တူဒေါ်ဒေါ် သားဝေယာဝိစ္စလုပ်ပေးဖို့သားနဲ့အတူလာနေပေးတာ"

"အေးကွယ် ကောင်းတာပေါ့ ဒေါ်ဒေါ်ကရိပေါ်လေးရဲ့အဒေါ်ပါကောင်လေး ရိပေါ်လေးရဲ့ဝေယာဝိစ္စကိုစိတ်ချမယ်နော်"

"ဟုတ်ကဲ့ဗျ"

အဒေါ်ဆိုသူရဲ့မျက်နှာကကြည်လင်ကာတင့်တယ်နေဟန်ရှိပြီးအိန္ဒြရေသိက္ခာအပြည့်နှင့်စိတ်ကောင်းရှိသည့်အမျိုးသမီးအသွင်ဆောင်သည်။ အပြုံးတွေဟာလည်းပကာသနမပါအတိအေးချမ်းလို့နေသည်။ ရွာကသူဟူ၍နှိမ့်ချခြင်းမျိုးမရှိသည်ကအဆင့်အတန်းမြင့်မားသူဖြစ်ကြောင်းပေါ်လွင်စေသည်။

"သား မမဆီကစာရောက်လာတယ်သား"

"မားဆီက? ဘာအတွက်ပို့တာတဲ့လဲဒေါ်ဒေါ်"

"သားရဲ့အိမ်ထောင်ရေး....ဒေါ်ဒေါ်တို့အပြင်ခဏထွက်ပြောရအောင်"

"ရတယ်ဒေါ်ဒေါ် မားပြောတဲ့အကြောင်းအရာတွေကိုအပြတ်သာငြင်းလိုက်ပါ ကျွန်တော်မငယ်တော့ဘူးအိမ်ထောင်ဖက်ကိုကျွန်တော့်ဘာသာရှာမှာဖြစ်လို့သူစိတ်ပူစရာမလိုဘူးလို့​ပြောလိုက်ပါ"

"အင်းပါသားရယ် ဒေါ်ဒေါ်ပြောလိုက်မယ်"

"ကျွန်တော်တို့မြို့ထဲခဏသွားလိုက်အုံးမယ်ဒေါ်ဒေါ် ညစာစားချိန်အမှီပြန်ခဲ့ပါ့မယ်"

"အေးအေးဂရုစိုက်ကြနော်"

ရိပေါ်အတွက်မိခင်ဆိုတာစကားစုတစ်ခုသက်သက်ပင်။ ပါးနဲ့သူ့အပေါ်မှာရက်ရက်စက်စက်စိတ်ဒဏ်ရာတွေပေးခဲ့တဲ့သူမကိုရိပေါ်မမုန်းသလိုချစ်လည်းမချစ်ပေ။ ရိပေါ်ကိုမွေးပြီးချိန်ကစ ပါးရဲ့ပိုက်ဆံတွေကိုထင်သလိုသုံးကာရိပေါ်ကိုနို့တစ်စက်တောင်မတိုက်ဘဲသေသေရှင်ရှင်ပြစ်ထားသည့်သူမက ပါးအပေါ်မှာလဲဇနီးကောင်းမပီသခဲ့ပါ။ ရိပေါ်၁၀နှစ်အရွယ်မှာတော့ပါးဟာကားအက်ဆီးဒန့်ဖြစ်ကာခြေထောက်တွေမသန်စွမ်းတော့ပေ။ ထိုအချိန်ကစနောက်ယောကျာ်းနှင့်လိုက်ပြေးကာ သူတို့သားအဖကိုပစ်ထားခဲ့သည့်သူမက ပါးဆုံးသွားပြီချိန်မှာပြန်ဆက်သွယ်လာသည်ကလဲရိပေါ်ရဲ့ရပိုင်ခွင့်အမွေတွေကြောင့်သာဖြစ်နေပြန်သည်။ အခုလိုလက်ထက်ပေးချင်နေတာကလဲရိပေါ်လက်ထက်လိုက်လျှင်အမွေတွေကိုဇနီးဖြစ်သူကတစ်ဝက်တိတိပိုင်ဆိုင်ကြောင်းပါးကသေတန်းစာတွင်ထည့်သွင်းခဲ့တာကြောင့်ဖြစ်သည်။ ရိပေါ်အတွေးစတို့ကိုဖြတ်တောက်လိုက်ပြီးသက်ပြင်းတစ်ချက်ချကာ လက်ရှိအချိန်အပေါ်အာရုံပြန်စိုက်လိုက်သည်။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now