Part ~7~

259 23 4
                                    

Unicode

"မြို့အုပ်မင်း ဗျို့မြို့အုပ်မင်း"

"အိမ်ထဲမယ်ကျုပ်ရှိတယ် ဝင်ခဲ့"

ရိပေါ် ဥပဒေဆိုင်ရာစာအုပ်ဖတ်ရင်း အိမ်ရှေ့ကနေလှမ်းခေါ်နေတဲ့သူအား အိမ်ထဲဝင်လာခဲ့ဖို့ပြောလိုက်တော့ အလောတကြီးပြေးဝင်လာတဲ့ရွာသားတစ်ဦးက လက်ထဲတွင်လဲစာတစ်ဆောင်ပါလာလေသည်။

"ဘာအကြောင်းများရှိလို့လဲ"

"မြို့အုပ်မင်း ကျွန်တော်တို့တောထဲသစ်ခုတ်သွားရင်းဓားပြအဖွဲ့နဲ့ကြုံခဲ့တယ် သူတို့ကမြို့အုပ်မင်းကိုဒီစာပေး ပေးဖို့ပြောပြီး ကျုပ်ညီမလေးကိုဖမ်းခေါ်သွားတယ်"

ထိုလူပေးလာတဲ့စာကိုဖွင့်ဖတ်လိုက်ပြီးတော့ မြို့အုပ်မင်းရဲ့ထင်ရှားနေသောမေးရိုးတွေမှာ ခပ်တင်းတင်းဖြစ်သွားကာ မျက်လုံးများပင်ရဲတက်လာပြီးနောက် စာကိုလုံးချေကာလွင့်ပစ်လိုက်ပြီး အိမ်ခန်းထဲဝင်သွားပြီးနောက် ချက်ချင်းပြန်ထွက်လာကာ ရှေ့မှဦးဆောင်ကာထွက်သွားသည်။

"ရော့ ဒါကိုမင်းယူထား"

အားလုံ သူ့ထံလှမ်းပစ်လိုက်တဲ့သေနတ်ကိုဖမ်းကိုင်ရင်း မြို့အုပ်မင်းကိုကြည့်လိုက်တော့ ခေါင်းငြိမ့်ပြတာကြောင့် သူလဲမြို့အုပ်မင်းနောက်မှထပ်ချက်မကွာလိုက်ပါသွားလိုက်သည်။ စာထဲမှာပါတဲ့အကြောင်းအရာကဘာများလဲ မြို့အုပ်မင်းကိုအခုလောက်ထိစိတ်တိုစေနိုင်တဲ့အကြောင်းအရာကဘာများပါလိမ့်။

ရိပေါ်ဘာကိုမှမစဥ်းစားနိုင်သေး သူသိတာအခုနေသူအမြန်ရောက်သွားဖို့လိုအပ်နေသည်။ ကျန်တာကိုပြီးမှဖြေရှင်းမည်။

ရှောင်ကျန့် ဝါးတွေကာရံထားတဲ့အကျဥ်းခန်းသဏ္ဍာန်အခန်းငယ်ထဲမှာ မိန်းကလေးတစ်ယောက်နှင့်အတူအဖမ်းခံထားရသည်။ မနေ့ကမြို့အုပ်မင်းဆီမှာခွင့်တောင်းပြီး ဦးလေးဖြစ်သူရဲ့အိမ်မှာတစ်ညသွားအိပ်ခဲ့တာဖြစ်သည်။ မနက်ဝေလီဝေလင်းအချိန်မှာပဲ ရှောင်ရိရဲ့ပန်းခူးချင်တဲ့ဆန္ဒကြောင့်သူအဖော်လိုက်လာပေးရင်း ဓားပြတွေလက်ထဲအဖမ်းခံခဲ့ရတာဖြစ်သည်။ ရှောင်ရိကတော့လွတ်မြှောက်သွားသည်။ လွတ်အောင်လဲသူကပဲဓားစာခံအဖြစ်ခံလိုက်တာဖြစ်သည်။ အခုတော့ကြောက်နေမိ သူတို့ထဲကတစ်ချို့ကရှောင်ကျန့်ကိုတဏှာမျက်လုံးများဖြင့်အစုန်အဆန်ကြည့်နေသောကြောင့်ဖြစ်သည်။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now