Part ~2~

371 26 4
                                    

Unicode

ဦးလေးဖြစ်သူကြောင့် ရှောင်ကျန့်တစ်ယောက် မြို့အုပ်မင်းဆိုသူနှင့်လိုက်လာခဲ့ရသည်။ မြို့အုပ်မင်းသာပြောတယ်အသက်ကငယ်ငယ်နှင့်တော်တော်လေးကိုချောမောသည့်လူပင်။ ဦးလေးကိုမေးကြည့်တော့အိမ်ထောင်မကျသေးဘူးဆိုပဲ။ ကမ်းလမ်းသမျှမိန်းကလေးတွေကိုလည်းငြင်းဆိုခဲ့တာချည်းပဲတဲ့လေ။ ဒါဆိုမြို့အုပ်မင်းကမိန်းမတွေကိုစိတ်မဝင်စားတာလား။ အို...သူဘာတွေလျှောက်တွေးနေမိပါလိမ့် မိန်းမတွေကိုစိတ်မဝင်စားလို့ယောကျာ်းတွေကိုစိတ်ဝင်စားရမှာလားရှောင်ကျန့်ရယ်။ ကိုယ့်အတွေးနဲ့ကိုယ်နဖူးကိုရိုက်လိုက်တော့အရှေ့ကသွားနေသူကအနောက်ကိုလှည့်ကြည့်လာသည်။

"ဘာဖြစ်သလဲ ကောင်လေး"

"ဘာမှမဖြစ်ပါဘူး မြို့အုပ်မင်း ရှေ့ကအိမ်ဆိုရောက်ပါပြီ"

"ကောင်းပြီ"

ခြံဝန်းကျယ်ကျယ်ထဲကအိမ်လေးကသိပ်မကျယ်သော်လည်းသိပ်မကျဥ်းလှ အိမ်အရှေ့မျက်နှာစာမှာပန်းပင်တစ်ချို့ရှိနေပြီးခြံထဲဝင်လိုက်သည်နှင့်မွှေးပြန့်တဲ့ရနံ့ကစိတ်ကိုကြည်လင်စေသည်။ ပင်ပန်းနေသည့်စိတ်အစဥ်ဟာပြန်လည်လန်းဆန်းလာတော့သည်။

"မြို့အုပ်မင်းခင်ဗျ!!"

ရှေ့ကနေအော်ခေါ်နေတဲ့ကောင်လေးကြောင့်နားပူမတတ်ဖြစ်သွားရသည်။ ဒီကောင်လေးအဘယ့်ကြောင့်ဒီလောက်အော်နေရသနည်း။

"ဘာလို့အော်နေသလဲကောင်လေး"

"ကျွန်တော်ခေါ်နေတာကြာပေါ့ မြို့အုပ်မင်းမကြားလို့အော်ခေါ်ရတာ အထုပ်တွေကိုအိမ်ထဲမယ်ထားခဲ့ပြီးအဝတ်တွေကိုတော့အစီအရီထည့်ခဲ့ပြီ မြို့အုပ်မင်းကဝင်မလာသေးလို့ပြန်ထွက်ခေါ်တာ"

"အင်း တော်တော်ကြာသွားသလား"

"ကြာတာပေါ့ ခေါ်နေတာတောင်ကြာပြီ ဒီတစ်ခွန်းမှမကြားရင်ကျွန်တော့်လက်ကမြို့အုပ်မင်းနဖူးပေါ်ရောက်လာတော့မှာ"

အလိုလေး ဒီကောင်လေးကိုယ့်ကိုမြို့အုပ်မင်းမှန်းသိနေလျက်နှင့်သတ္တိကောင်းလှပါပေ့။ နဖူးကိုတောင်ခေါက်အုံးမတဲ့လား တယ်စိတ်မရှည်တတ်တဲ့ကောင်လေးပါလား။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now