Part ~3~

381 24 0
                                    

Unicode

ထိုကောင်လေးထွက်သွားသည်နှင့် အမှုတစ်ချို့အပြီးသတ်ကြည့်ကာ အိပ်ရာဝင်လိုက်တော့သည်။ ခရီးဝေးနှင်ခဲ့တာကြောင့်ခန္ဓာကိုယ်ကပင်ပန်းစွာပဲခဏအတွင်းအိပ်မောကြသွားတော့သည်။ ညဥ့်ဦးပိုင်းလောက်ရောက်တော့ ကျယ်လောင်တဲ့အော်သံကြောင့်အအိပ်ဆက်သည့်ဝမ်ရိပေါ်နိုးလာတော့သည်။

"အား!!!! မလာနဲ့သွားသွား"

*ကောင်လေးအသံပဲဘာဖြစ်လို့ပါလိမ့်*

"အား!!!! မင်းတို့ကိုငါဘာလုပ်လို့လဲ ငါ့နားမလာနဲ့နော်ခေါင်းအုံးနဲ့ထုလိုက်မှာ"

ဝမ်ရိပေါ်အခန်းထဲကအမြန်ထွက်လာတော့အိမ်ရှေ့ခန်းမှာရှိနေတဲ့ကောင်လေးကခုံပေါ်တက်ထိုင်နေကာ ခေါင်းအုံးကိုတင်းနေအောင်ဆုပ်ကိုင်ထားသည်။

"ဘာဖြစ်သလဲ ကောင်လေး"

"​ဟင်! မြို့အုပ်မင်း မလာနဲ့အန္တရာယ်များတယ်"

ထိုကောင်လေးစကားကြောင့်ခါးတွင်အသင့်ထည့်လာသည့်သေနတ်ကိုလှမ်းကိုင်လိုက်မိသည်။ ဘာအန္တရာယ်မလို့ဒီကောင်လေးဒီလောက်တောင်ကြောက်နေပါသလဲ။

"ကောင်လေးမကြောက်နဲ့ကိုယ်ရှိတယ် ဘာဖြစ်သလဲပြောဘာတွေ့လို့လဲ"

"အိမ်....အိမ်မြှောင်ကြီး"

"ဟေ?"

"အိမ်မြှောင်ပါဆို နှစ်ကောင်တောင်"

လက်လေးနှစ်ချောင်းထောင်ကာ ငိုမဲ့မဲ့ဖြင့်ပြောနေသောကောင်လေးကြောင့် ရယ်ချင်သော်လည်းမရယ်ရက်ပေ။ သူ့ခမျာတကယ်ကြောက်ပုံရသည် မျက်ရည်ဥလေးတွေပါဝေ့သီနေလေပြီ။ သေနတ်ယူလာမိသည့်ကိုယ့်ကိုယ်ကိုသာအံကြိတ်လိုက်မိသည်။ ဘယ်နှယ့်ကွာ အိမ်မြှောင်ကိုသတ်ဖို့မြို့အုပ်မင်းကသေနတ်ကြီးထုတ်ပါသတဲ့လို့သတင်းပေါက်ရင်ဖြင့်အရှက်ကွဲရချည်ရဲ့။

"ဘယ်နားမှာလဲ ကိုယ့်ကိုပြ"

"အဲ့အခင်းပေါ်မယ်အစွန်နားလေမှာ"

"အင်း"

အခင်းကိုယူကာခါပေးလိုက်တော့ထိုကောင်လေးပြောသည့်အန္တရာယ်နှစ်ကောင်ကထွက်ပြေးသွားသည်။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now