Part ~8~

335 32 6
                                    

Unicode

ညနေခင်းငှက်များအိပ်တန်းတက်ချိန်နေဝင်ရီတယောမှာ ရှောင်ကျန့်နှင့်မြို့အုပ်မင်းဝမ်တို့ကြားတိတ်ဆိတ်ခြင်းကသာကြီးစိုးလို့နေသည်။ နေ့လည်ခင်းအိမ်ပြန်ရောက်ကတည်းက မြို့အုပ်မင်းဝမ်က ထိုစကားတစ်ခွန်းသာဆိုလာပြီးနောက်ယခုအထိရှောင်ကျန့်နှင့်မျက်လုံးခြင်းပင်စုံအောင်မကြည့်ပေ။ ရှောင်ကျန့်အိမ်ရှေ့ကနှင်းဆီပင်တွေမှအပွင့်တွေအားရေတွက်နေရင်း အိမ်ထဲရှိပြတင်းတံခါးအနီးတွင်ထိုင်ကာစာအုပ်ဖတ်နေသောမြို့အုပ်မင်းဝမ်အားခိုးခိုးကြည့်နေမိသည်။

*မြို့အုပ်မင်းဝမ်ကချောလိုက်တာ*

ရှောင်ကျန့်ခိုးကြည့်နေချိန် အိမ်အပြင်ဘက်ကိုရုတ်တရက်ကြည့်လာသည့်မြို့အုပ်မင်းကြောင့်အကြည့်အမြန်လွှဲကာနှင်းဆီပင်တွေကြားမှထွက်သွားဖို့ပြင်လိုက်ချိန်ခြေချော်ကာ နှင်းဆီပင်တွေကြားလဲကျသွားတော့သည်။

"သေပါပြီနာလိုက်တာ"

"ထ"

နှင်းဆီပင်တွေကြားလေးဖက်ထောက်လျက်လဲကျနေသောရှောင်ကျန့်အမြင်အာရုံအတွင်း ဖြူဖွေးနေသည့်ခြေဖဖိုးနှစ်ဖက်ကနေရာယူလာတာကြောင့်မော့ကြည့်လိုက်ချိန် မြို့အုပ်မင်းဝမ်ရဲ့မျက်နှာချောချောကိုတွေ့လိုက်ရကာ လက်တစ်ဖက်ကလည်းရှောင်ကျန့်ရှေ့သို့ကမ်းလင့်ထားသည်။

"တစ်ညလုံးဒီမှာအိပ်ဖို့တွေးနေတာဆိုရင် စောင်နဲ့ခေါင်းအုံးယူလာပေးမယ်"

"ဟင့်အင်း အိပ်စရာလား ကျွန်တော်ကမြို့အုပ်မင်းနဲ့အတူအိပ်မှာ"

ရှောင်ကျန့်မြို့အုပ်မင်းရဲ့လက်ကိုအမြန်ဆွဲကိုင်လိုက်ပြီးခေါင်းကိုဘယ်ညာခါရမ်းကာ အမြန်ငြင်းလိုက်သည်။ ရှောင်ကျန့်စကားကိုကြားတော့မြို့စားဝမ်ရဲ့နားရွက်လေးတွေဟာနီစွေးလို့သွားချေသည်။

"ပေါက်ကရတွေပြောနေတာရပ်လိုက်တော့ ညစာသွားပြင်ချေ"

"ဟုတ်ကဲ့ခင်ဗျ"

ရှောင်ကျန့်ခန္ဓာကိုယ်မှာပေနေတဲ့ဖုန်မှုန့်တွေကိုခါလိုက်ပြီး ကော့တော့ကော့တော့နဲ့အိမ်ထဲဝင်လာလိုက်သည်။ တကယ်တည်း ရှက်ချင်ယောင်ဆောင်နေတဲ့မြေခွေးအိုကြီး ညတိုင်းခါးကိုခိုးခိုးဖက်တာသူမဟုတ်တဲ့အတိုင်းပဲ။

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now