Part ~4~

308 24 0
                                    

Unicode

အိမ်ကိုပြန်ရောက်တော့ ​ခြေလက်သန့်စင်နေ​ပြီး
ရှောင်ကျန့်ကတော့နေ့လည်စာအတွက်ချက်ပြုတ်ပြင်ဆင်နေလေသည်။ မြို့အုပ်မင်းရိပေါ်ကတော့ မနက်ကရခဲ့တဲ့အချက်လက်တွေကိုပြန်စီစစ်ရင်းချက်ပြုတ်ပြင်ဆင်ပြီးချိန်ကိုစောင့်နေလေသည်။

ရှောင်ကျန့်ချက်ပြုတ်လို့ပြီးတော့အိမ်ရှေ့ခန်းကိုထွက်လာချိန် စာရွက်တစ်ချို့ကိုကြည့်ပြီး အလုပ်များနေတဲ့မြို့အုပ်မင်းကိုတွေ့လိုက်ရသည်ကြောင့် အနှောက်ယှက်ဖြစ်မည်စိုး၍ ခြေသံဖွလျှောက်ကာမြို့အုပ်မင်းအနီးမှာသွားထိုင်လိုက်တော့ မြို့အုပ်မင်းကသူ့ကိုငုံ့ကြည့်လာသည်။

"နေ့လည်စာကရပြီလားကောင်လေး"

"အဆင်သင့်ပါပဲ မြို့အုပ်မင်း"

နေ့လည်စာထမင်းစားပြီးချိန်တွင် မြို့အုပ်မင်းကသူကြီးအိမ်သို့ထွက်သွားကာ ရှောင်ကျန့်တစ်ယောက်သာအိမ်မှာကျန်နေခဲ့လေသည်။ မနေ့ကအိမ်ရှင်းချိန်ကယူလာခဲ့သည့်နှင်းဆီပန်းပင်များကိုယူကာခြံရဲ့မျက်နှာစာတွင်ပြန်စိုက်နေလေသည်။ နှင်းဆီတွေကိုသူသဘောကျသည်။ အထူးသဖြင့်နှင်းဆီရဲ့ဆူးတွေကိုပေါ့။

"ဘာတွေအဲ့သလောက်တောင်သဘောကျနေတာလဲကောင်လေး"

"အာ...မြို့အုပ်မင်းဘယ်တုန်းကပြန်ရောက်တာလဲ အပင်စိုက်နေတာနဲ့သတိမထားမိလိုက်ဘူး"

"နှင်းဆီပန်းကိုသဘောကျသလား"

"ဟုတ် ဒါပေမဲ့နှင်းဆီရဲ့ဆူးတွေကိုပိုသဘောကျတယ်"

"ဆူးကို? ဆူးကထိခိုက်စေတယ်လေ ဘာကြောင့်သဘောကျရသလဲ"

"ဟင့်အင်း ဆူးတွေမှာလဲသိပ်လှတဲ့စကားလုံးတွေရှိတယ်"

"သိပ်လှတဲ့စကားလုံး?ဆူးတွေမှာ?"

"ဟုတ်တယ်လေ"

ရှောင်ကျန့်ကသူ့အားနားမလည်ဟန်ဖြင့်ကြည့်နေသောမြို့အုပ်မင်းဝမ်အားချိုသာစွာပြုံးပြရင်း နှင်းဆီပွင့်လေးတစ်ပွင့်ကိုခူးယူလိုက်ကာ မြို့အုပ်မင်းဝမ်ကိုပေးလိုက်သည်။

"ပန်းကညိုးသွားတယ် ဆူးကမညိုးဘူး
ပန်းကိုကာကွယ်ဖို့ သူတို့ကအမြဲအသင့်ရှိကြတယ်
ပန်းရဲ့တန်ဖိုးကိုမြှင့်တင်ဖို့ သူတို့ကိုယ်တိုင်က လူတွေရဲ့အမုန်းကိုခံယူကြတယ် တကယ်တော့ဆူးတွေကသိပ်သစ္စာရှိကြတယ် ပန်းကိုအဆုံးထိသူတို့ကကာကွယ်ပေးကြတယ် ဒါပေမဲ့ချီးကျူးခံရသူကပန်းပဲဖြစ်သွားပြီးသူတို့ကတော့ပစ်ပယ်ခြင်းခံရတာတောင် သူတို့ကတာဝန်ကိုမမေ့ကြဘူး"

အချစ်ကမြို့အုပ်မင်းထံမှာ (အချစ်ကမြို့အုပ်မင်းထံမှာ)Where stories live. Discover now