2

277 28 0
                                    

Jenoက Jaeminရဲ့နောက်ကနေ တကောက်ကောက်လိုက်နေမိတယ်။

တစ်ညအိပ်ပြီးတော့ တခြားကျောင်းကအဖွဲ့တွေနဲ့ပေါင်းပြီး အနီးနားက ပင်လယ်ကို ခရီးဆက်ခဲ့ကြတယ်။ Jenoက အတန်းဖော်တွေနဲ့မလိုက်ဘဲ Jaeminသွားတဲ့နောက်ကနေ တကောက်ကောက်လိုက်နေမိတယ်။ သူက Jaeminနဲ့ တစ်စက္ကန့်လေးတောင် ခွဲမနေချင်ဘူး။

Jaeminကတော့ သူ့လိုမျိုးမဟုတ်ဘဲ ပျော်‌ရွှင်နေတဲ့ကောင်လေးဖြစ်နေတယ်။ သူငယ်ချင်းတွေလည်းရှိပြီး ခဏခဏလည်းရယ်တယ်။ Jenoက Jaeminရယ်တာကိုမြင်တိုင်း နှုတ်ခမ်းထောင့်စွန်းလေးတွေ ကော့တက်သွားတဲ့အထိ၊ မျက်မှန်အောက်က မျက်လုံးလေးတွေမှေးသွားတဲ့အထိ လိုက်ရယ်တယ်။

ပင်လယ်လေက လူကြီးတွေပြောသလို ဘာအနံ့ညာအနံ့ရှိတယ်ဆိုတာ Jenoမသိပေမဲ့ ပင်လယ်လေကြောင့် သူ့စိတ်တွေ ပေါ့ပေါ့ပါးပါးဖြစ်နေတာကို သတိထားမိတယ်။ Jaeminက နေရာအနှံ့ တောင်သွားမြောက်သွားလုပ်နေတော့ Jeno ဆက်မလိုက်နိုင်တော့ဘူး။ အဲ့ဒါနဲ့ ခပ်ငယ်ငယ်အပင်တစ်ခုအောက်မှ သွားထိုင်နေပြီး ကမ်းခြေမှာ ပြေးဆော့နေကြတဲ့ အတန်းဖော်တွေနဲ့ တခြားလူတွေကို လျှောက်ကြည့်နေမိတယ်။

အများဆုံးကြည့်မိတာကတော့ Jaeminကိုပဲ။ Jaeminက အပြာဖျော့ရောင်တီရှပ်နဲ့ အဖြူရောင်ဂျင်းဘောင်းဘီပွပွကို ဝတ်ထားတယ်။ သူ့အတန်းဖော်တွေနဲ့ ပြေးဆော့နေတဲ့ Jaeminက အရမ်းပျော်နေပုံပဲ။ Jaeminရဲ့ရယ်သံကိုတောင် Jenoက ပြတ်ပြတ်သားသားကြားနေရတယ်။

Jenoက ဖုန်းကိုထုတ်ပြီး Jaeminကို ဓာတ်ပုံနည်းနည်းရိုက်လိုက်တယ်။ ဓာတ်ပုံတွေက ဝါးနေပေမဲ့ Jenoက အဲ့ဒီဓာတ်ပုံတွေကို တကယ်သဘောတကျနဲ့ ကြည့်နေလိုက်သေးတယ်။ မပြန်သေးခင်တော့ Jaeminရဲ့ ဖုန်းနံပါတ်ကို မမေ့အောင်တောင်းသွားဖို့ သူ စိတ်ကူးထားလိုက်သေးတယ်။

အတန်ကြာအောင်ထိုင်နေပြီးတော့ Jaeminက Jenoရဲ့အနားကို ရောက်လာတယ်။ နောက်ပြီး မြေကြီးပေါ်မှာပဲ ထိုင်ချလိုက်ပြီး လက်ကိုလည်း နောက်ဘက်ကို ပစ်ထောက်ထားသေးတယ်။ အခုမှ ဆော့လာတာမို့ Jaeminရဲ့ ရင်ဘတ်က အနိမ့်အမြင့်မြန်လွန်းနေတယ်။

"မဆော့ဘူးလား"

"ဟင့်အင်း"

Jenoက ခပ်တိုးတိုးလေးပဲ ပြန်ဖြေတယ်။ Jaeminနဲ့ တွေ့ချင်ခဲ့တာ မှန်ပေမဲ့ အခုလို တွေ့ရပြန်တော့ Jenoက ဘာပြောရမှန်း သိမနေခဲ့ဘူး။ အထက်တန်းနောက်ဆုံးနှစ်မို့ Jaeminမှာ ရည်းစားရှိနေပြီလားလို့ တွေးမိတော့ စိတ်ထဲ နည်းနည်းဘဝင်မကျဖြစ်သွားရတယ်။

Love Language [Complete]Where stories live. Discover now