မနက်ခင်းနေရောင်ခြည်ထွက်လာပြီမို့ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ အလင်းရောင်တချို့ဝင်လာတယ်။ နွေရာသီဆိုပေမဲ့ ပူအိုက်တဲ့ဒဏ်ကို မတွေးနိုင်လောက်တဲ့အထိ နှစ်ယောက်လုံး ကိုယ့်အတွေးထဲမှာကိုယ် နစ်မြုပ်နေကြတော့တာ။
ပြီးခဲ့တဲ့ညက ငိုထားခဲ့လို့ Jaeminရဲ့ မျက်လုံးလေးတွေက မို့နေတယ်။ သူတို့နှစ်ယောက် အချိန်ကြာမြင့်စွာ နမ်းခဲ့ကြပေမဲ့ ရင်နာတဲ့ခံစားချက်တွေကိုပဲ ကိုယ်စီ ထွေးပိုက်ထားရတယ်။
သူ့အိပ်ယာပေါ်မှာ ငူငူလေးထိုင်နေဆဲ Jaeminကိုကြည့်ပြီး Jenoက ဝမ်းနည်းလာရပြန်တယ်။ မနေ့ညကလည်း နှစ်ယောက်လုံး တစ်ရေးတောင်မှ အိပ်မပျော်ခဲ့ကြဘူး။
အိပ်ယာထဲမှာ လှဲနေရင်း Jenoက Jaeminရဲ့ နဖူးပြေပြေလေးပေါ်ကို အခါခါနမ်းနေခဲ့တာ။ နောက်ပြီး Jaeminကို ဖက်ထားရင်း ခွဲရမဲ့ရက်တွေအကြောင်းကိုပဲ တောက်လျှောက်တွေးနေခဲ့မိတယ်။
"Jaemin..."
"ဟင်?"
Jeno ခေါ်တော့ Jaeminက လှည့်ကြည့်တယ်။ Jenoကလည်း ခေါ်သာခေါ်ရတာ၊ ဘာပြောရမယ်မှန်းမသိတာမို့လို့ Jaeminရဲ့ဘေးမှာ ပူးပူကပ်ကပ်ဝင်ထိုင်ပြီး Jaeminရဲ့ပခုံးပေါ်ကို မှီတွယ်ပစ်လိုက်ရတယ်။ သူတို့နှစ်ယောက်အကြောင်းကို တခြားသူတွေ မသိတာမို့ ဘယ်နေရာကိုမှ ထွက်မလည်ဖြစ်ကြပြန်ဘူး။ ဒီတိုင်း အခန်းကျဉ်းကျဉ်းလေးထဲမှာထိုင်နေရင်း အတူတူရှိနေချင်စိတ်တွေပဲ ပိုများနေတယ်။
"Samoyed..."
"Awwn..."
"ငါတို့ ခရီးထွက်ကြမလား"
Jenoက ပြန်မဖြေဘူး။ ဒါက မခွဲရသေးခင် အတူတူရှိနေပေးဖို့ ကြိုးစားနေတာမှန်းသိတာမို့ သူ လက်မခံလိုက်ချင်ဘူး။ သူ Jaeminနဲ့ ပြန်ဆုံရတာတောင် မကြာသေးဘဲနဲ့ ထပ်ပြီး ခွဲနေရတော့မယ်ဆိုတာကို သူ လက်မခံချင်ဘူး။
Jenoက ဘာမှပြန်မဖြေဘဲနဲ့ Jaeminရဲ့ မေးရိုးသွယ်သွယ်လေးပေါ် ဖိနမ်းတယ်။ မနေ့ညကတည်းက Jenoရဲ့စိတ်က ပုံမှန်မဟုတ်တော့ဘူး။ ပုံမှန်ဆို Jaeminကို စနမ်းဖို့တောင် မဝံ့မရဲနဲ့သူက အခုတော့ အချိန်ပြည့်နီးပါး ဟိုနားဒီနား နမ်းတတ်လာပြီ။
YOU ARE READING
Love Language [Complete]
FanfictionNCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - Oct 1, 2023 [SUN] End - Dec 12, 2023 [TUE]