1

617 36 0
                                        

Jenoလေးက Jaeminnieနဲ့ မခွဲနိုင်ဘူး။

(၂၀၀၆)ခုနှစ်...။

တစ်ပတ်ရစ်ကားအဟောင်းလေးက အရာရာကို ချန်ထားပြီး ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီ။ မထင်မရှားရပ်ကွက်လေးတစ်ခု၊ "ရောင်းချမည်"လို့ ဆိုင်းဘုတ်ကလေးချိတ်ထားတဲ့ ခပ်လတ်လတ်အိမ်ကလေးတစ်လုံး၊ အဲ့ဒီအိမ်ကလေးရှေ့က ကလေးလေးနှစ်ယောက်ရဲ့ ထိုင်ခုံလေးတွေနဲ့အတူတူ Jenoလေးကလည်း ချန်ရစ်ထားခံခဲ့ရတော့မှာ။

ကားစက်နှိုးတော့ Jenoလေးက ငိုတယ်။ ခွေးပေါက်လေးနဲ့တူလို့ Jaeminnieက Jenoလေးကို "ခွေးကလေး"လို့ခေါ်တယ်။ ကားပြတင်းပေါက်ဘောင်ပေါ်မှာ ခပ်တင်းတင်းဆုပ်ထားတဲ့ လက်ကလေးတွေရှိတယ်။ မိဘတွေကတော့ စိတ်မကောင်းကြရုံပါပဲ။ Jaeminnieကလည်း မျက်တောင်ရှည်လေးတွေ ပူးကပ်သွားတဲ့အထိ ငိုထားတာ။

"Jenoလေး... Jaeminnieတို့က ခဏလေးပဲ ကြာမှာလေ သားရဲ့"

Jenoလေးရဲ့မေမေက Jenoလေးကိုကောက်ပွေ့ဖို့ကြံရွယ်ရင်း ခပ်တိုးတိုးလေးပြောတယ်။ သူမလည်း ဒီလိုခွဲခွာရတာကို အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ဒါပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် နှုတ်ဆက်ရမယ်ဆိုတော့လည်း ဘာတတ်နိုင်မှာလဲ။

"Jaeminnie..."

Jenoလေးက အသံတုန်တုန်လေးနဲ့ လှမ်းခေါ်တယ်။ Jaeminnieကတော့ ဘာမှပြန်မပြောနိုင်ဘူး။ Jenoလေးရဲ့လက်ကိုပဲ တင်းတင်းကိုင်ထားတော့တာ။

"ငါ့ကို မထားခဲ့နဲ့..."

Jenoလေးရဲ့စကားဆုံးတော့ Jaeminnieက အကျယ်ကြီးအော်ငိုတယ်။ Jaeminnieငိုတော့ Jenoလေးကပါ အကျယ်ကြီးလိုက်ငိုတယ်။ ကလေးတွေငိုနေကြတော့ မိဘတွေလည်း တော်တော်စိတ်မကောင်းဖြစ်နေကြရတယ်။ ဒါပေမဲ့ Jenoရဲ့မေမေက Jenoကို အတင်းကာရောပွေ့‌ချီပြီး နောက်ကိုရွှေ့တော့ နဂိုကတည်းက ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့ကားလေးက လှစ်ခနဲ ပြေးထွက်သွားတယ်။

Jaeminnieက ကား‌ရဲ့နောက်ခန်းက မှန်လေးကနေ Jenoလေးကို လှမ်းကြည့်ရင်း အော်ငိုနေတုန်း Jenoလေးက သူ့မေမေရဲ့ လက်ထဲကနေ တွန်းကန်ပြီး ကားလေးရဲ့နောက်ကနေ ပြေးလိုက်တယ်။ ဒါပေမဲ့ သူ့ခြေတံတိုတိုလေးတွေက အမြန်မောင်းသွားတဲ့ကားကို မမီဘူးပေါ့။

Love Language [Complete]Tempat cerita menjadi hidup. Temukan sekarang