~ Jaemin shii...
~ Friday အားလားမသိဘူးနော်
~ အားတယ်ဆိုရင် ကျွန်မ တစ်ခုခုလိုက်ကျွေးချင်လို့ပါ
ဖုန်းစခရင်မှာပေါ်နေတဲ့စာတွေကိုကြည့်ပြီး Jeno မျက်မှောင်ကုတ်မိတယ်။ ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက ဆက်တိုက်ဝင်နေတဲ့စာတွေကြောင့် မနက်စာသွားစားတုန်းက Jaemin ပေးလိုက်တဲ့ SNSက သူ့ဟာဆိုတာ သိလိုက်ရတယ်။ တစ်ဖက်မိန်းကလေးကို မလေးစားတာတော့မဟုတ်ပေမဲ့ ဘာပြန်ဖြေရမယ်မသိတာမို့ Jenoက ဖုန်းကိုပိတ်ပြီး အိပ်ယာထဲမှာ လှဲချလိုက်တယ်။
Jaemin ရဲ့ဖုန်းက Jenoဆီမှာ ရှိနေသေးတယ်။ လာလည်းမယူ၊ သွားလည်းမပေးဖြစ်နဲ့ သူ့ဆီမှာသောင်တင်နေတာ နှစ်ရက်ကျော်နေပြီ။ ဖုန်းကနာရီကိုကြည့်တော့ ည(၁၀)နာရီထိုးဖို့ နည်းနည်းလေးပဲလိုတော့တယ်။ Haechanက မနက်ဖြန် ပိတ်ရက်ဆိုတော့ အိမ်ပြန်သွားတာမို့ အခန်းထဲမှာ သူတစ်ယောက်တည်းပဲရှိတယ်။
ကျောင်းတက်ရတာ အသားကျလာတော့ Jenoမှာ Jaeminနဲ့ Haechan အပြင် တခြားအသိတွေ နည်းနည်းရလာနေပြီ။ ဒါပေမဲ့ Jenoကတော့ အပြင်တွေဘာတွေလည်း ထွက်မလည်ဖြစ်ပါဘူး။ အခန်းထဲမှာပဲ နေတတ်ပြီး စာလုပ်ရင်လုပ်၊ စာမလုပ်ရင် ဂိမ်းလေးဘာလေးဆော့၊ ရုပ်ရှင်လေးဘာလေးကြည့်နဲ့ တစ်ယောက်တည်းနေတာကများတယ်။ Haechan ပြန်မလာခင်အထိတော့ သူလည်း အပြင်ထွက်ဖြစ်မှာမဟုတ်ဘူး။
*ကျွီ....
ရုတ်တရက်ပွင့်လာတဲ့ အခန်းတံခါးကြောင့် Jeno အိပ်နေရာကနေ ရုတ်တရက် ထထိုင်လိုက်ရတယ်။ ဒီအခန်းထဲကို အခုလိုဝင်လာနိုင်တာ သူနဲ့ Haechanအပြင် Jaeminပဲရှိတယ်ဆိုတာ သူသိတယ်။ တကယ်လည်း Jaeminက အခန်းထဲကို ဝင်လာနေတာ။
"Samoyed..."
"Awwn..."
"ငါ့ဖုန်းလာယူတာ"
"Ah...ဒီမှာ"
Jeno အိပ်ယာထဲကနေ ထပြီး စာရေးစားပွဲပေါ်က Jaeminဖုန်းကိုယူပြီး ပေးလိုက်တယ်။ ဒါပေမဲ့ ဖုန်းယူပြီးတဲ့အထိ Jaeminက ပြန်မသွားဘူး။ ဒီအတိုင်းကြီး မတ်တပ်ရပ်နေတာမို့လို့ Jenoမှာ ပြန်ပဲပြန်ခိုင်းရမလို၊ ထိုင်ပဲထိုင်ခိုင်းရမလိုနဲ့ ဝေခွဲမရဖြစ်နေရတယ်။ ဒါပေမဲ့ Jaeminကတော့ အဲ့လိုမဟုတ်ဘူး။ သူ့ဘေးကနေဖြတ်ပြီး သူ့အိမ်ယာပေါ်မှာ ခြေပစ်လက်ပစ်နဲ့ လှဲချလိုက်ပြီးပြီ။
VOCÊ ESTÁ LENDO
Love Language [Complete]
FanficNCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - Oct 1, 2023 [SUN] End - Dec 12, 2023 [TUE]
![Love Language [Complete]](https://img.wattpad.com/cover/353374918-64-k676087.jpg)