Final - 1

381 27 0
                                        

ရက်သတ္တပတ်တွေ မြောက်များစွာ ကျော်လွန်ပြီးဖြစ်ပေမဲ့ Jenoက ပြန်လည်ပျော်ရွှင်မလာသေးဘူး။ Jaeminမရှိတဲ့အဆောင်၊ Jaeminမလာတော့တဲ့သူ့အခန်းမှာ ဆက်မနေချင်တော့တာမို့ အဆောင်နေခွင့်ကို ထပ်မလျှောက်တော့ဘဲ ဒီနှစ်ကုန်မှာ အိမ်ကို ပြန်ပြောင်းနေဖြစ်ခဲ့တယ်။ ဒါပေမဲ့ အိမ်က အခန်းလေးထဲမှာလည်း သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေ ရှိနေတာပါပဲ။

နှင်းတွေ တဖွဲဖွဲကျနေတော့ Jaeminကို နှစ်နှစ်ကာကာ လွမ်းမိပြန်တယ်။ သူတို့နှစ်ယောက် ပထမဆုံး နှင်းကိုတောင် အတူတူမကြည့်လိုက်နိုင်ခဲ့ဘူးပဲ။ လွမ်းတဲ့အခါ video call နဲ့ ဖုန်းပြောဖြစ်ပေမဲ့ လက်လေးကိုတောင် ဆုပ်ကိုင်ခွင့်မရတဲ့အခြေအနေကို Jeno မနှစ်မြို့လှဘူး။

ခုနလေးကမှ ဖုန်းပြောပြီးထားတာပေမဲ့ Jeno အလွမ်းမပြေဘူး။ အချိန်ကွာဟချက်ကြောင့် Jaemin အိပ်မောကျနေတဲ့အချိန်ဖြစ်နေမှာစိုးလို့ ဖုန်းလည်း သူထပ်မခေါ်ဖြစ်ဘူး။

"ဟူး...."

Jeno လေပူတစ်ချက်ကိုမှုတ်ထုတ်ပြီး အထပ်လိုက်ဖြစ်နေတဲ့ ခေါင်မိုးလေးတွေကို ကြည့်နေဖြစ်တယ်။ တကယ်လို့ အခုချိန်မှာသာ Jaeminနဲ့အတူတူရှိနေရရင် သူ Jaeminကို ဖက်ထားဖြစ်မယ်၊ ခပ်အေးအေးဖြစ်နေလောက်တဲ့ Jaeminရဲ့ ပါးမို့လေးပေါ် အနမ်းတွေ ကြဲချမိလောက်တယ်။

သတိရစိတ်က ထိန်းချုပ်မရလောက်အောင် ခေါင်းထဲမှာ ပြေးလွှားနေတာမို့ Jenoက ခေါင်းကို ခပ်နာနာထုပစ်မိတယ်။ ဒါပေမဲ့ အဲ့လိုထုလိုက်တာက အနည်ထိုင်နေတဲ့မှတ်ဉာဏ်တွေကို လှုပ်ခါပစ်လိုက်သလို ဖြစ်သွားသလားမသိ။ Jenoက Jaeminကို ပိုပိုပြီးပဲ သတိရလာမိတော့တယ်။

နာရီတွေ တစ်ပတ်ပြီးတစ်ပတ်၊ နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်လာတာ (၄)နှစ်မြောက်ကို ရောက်ခဲ့သည့်တိုင် Jenoက Jaeminကို သစ္စာရှိရှိနဲ့ စောင့်နေဆဲပဲ။

"Jeno..."

ဖုန်းပြောရင်း ငေးမော‌သွားတဲ့ Jenoကို Jaeminက ခပ်တိုးတိုးခေါ်တယ်။ အရင်ကတည်းက အချိန်လုပြီး စကားပြောကြရတဲ့ သူတို့အတွက် Jaeminတစ်ယောက် House surgeonဖြစ်ကတည်းက ဖုန်းပြောဖို့အချိန်ဆိုတာ မရှိသလောက်ရှားပါးလာတယ်။

Love Language [Complete]Where stories live. Discover now