Jeno Jaeminကို နမ်းခဲ့တဲ့နေ့ကစပြီး Jaeminနဲ့ မတွေ့ဖြစ်ခဲ့ဘူး။ တကယ်က မတွေ့ဖြစ်တာမဟုတ်ဘဲ မတွေ့မိအောင် Jenoက ရှောင်နေတာ။ သူ Jaeminအပေါ် ဘယ်လိုစိတ်မျိုးရှိနေလဲဆိုတာ ဝန်ခံခဲ့တာက အဲ့လောက်မျက်နှာပူစေမှန်း တကယ်မသိခဲ့ဘူး။ ဝန်ခံခဲ့တဲ့အပြင် သူက Jaeminကို နမ်းလည်းနမ်းခဲ့သေးတယ်လေ။
Jaeminကတော့ သူ့ကို အပြစ်မမြင်ပါဘူး။ မတော်တဆ ကျောင်းဝန်းထဲမှာတွေ့ရင် Jenoကို သူငယ်ချင်းတစ်ယောက်လို နှုတ်ဆက်တတ်ပြီး လူရှင်းတဲ့နေရာမျိုးမှာတွေ့ရင်တော့ Jaeminသုံးနေကျ Lip balmတွေက Jenoရဲ့ပါးပေါ်မှာ ကျန်နေရစ်တတ်တယ်။
"Samoyed...."
နားနားကပ်ခေါ်လိုက်တဲ့အသံကြောင့် Jenoရဲ့နောက်ကျောလေး မတ်သွားရတယ်။ Jaemin ကတော့ အဲ့ဒါကိုပဲ သဘောတကျဖြစ်နေပြီး Jenoကို နောက်ဘက်ကနေ သိမ်းကြုံးဖက်တယ်။ ဒါပေမဲ့ အရွယ်ရောက်စ ကောင်လေးနှစ်ယောက်မို့ Jenoက Jaeminရဲ့ ရင်ခွင်ထဲမှာတော့ မြုပ်မနေခဲ့ဘူး။
"ဘာလုပ်နေတာလဲ"
"စာကြည့်မလို့...မင်းကရော ဘာလာလုပ်တာလဲ"
"ပျင်းလို့လာတာ"
ပြောပြီးတာနဲ့ Jenoရဲ့ဘေးမှာ ဝင်ထိုင်တယ်။ ကျောင်းဝန်းထဲမှာ လူမရှိတဲ့နေရာရယ်လို့ သိပ်မရှိပေမဲ့ ဒီနေရာကိုတော့ တော်ရုံ ဘယ်သူမှ သိပ်မလာတတ်လို့ Jenoက အတန်းအားချိန်တိုင်း ဒီနေရာမှာ လာထိုင်တတ်တယ်။ အဲ့ဒါကိုလည်း Jaeminက သိနေတာပါပဲ။
"အိပ်မယ်နော်"
Jaeminက ပြောပြောဆိုဆိုနဲ့ပဲ Jenoရဲ့ပေါင်ပေါ်မှာ လှဲအိပ်လိုက်တာမို့ Jenoမှာ အခက်တွေ့ရပြန်တယ်။ Jaeminက အိပ်မယ်လို့သာပြောနေပေမဲ့ တကယ်တမ်းတော့ Jenoနဲ့ ပူးပူးကပ်ကပ်နေချင်တာကလွဲပြီး အိပ်ချင်စိတ်ရော၊ စာကျက်ချင်စိတ်ရော၊ ဖုန်းကြည့်ချင်စိတ်ရော တစ်စက်ကလေးမှ ရှိမနေခဲ့ဘူး။
"Jeno..."
"Awwn..."
"ချစ်တယ်နော်"
Jaeminက ပြောနေပေမဲ့ Jeno ကတော့ နားရွက်ဖျားတွေ နီစွေးလာတာကလွဲလို့ ပြန်မပြောခဲ့ဘူး။။ Jeno က သူ့အချစ်တွေကို ရုပ်ပိုင်းဆိုင်ရာနဲ့ပဲ ဖော်ပြတတ်တာမို့လို့ အဲ့လိုမျိုး တီတီတာတာတွေ သိပ်ပြောတတ်တဲ့သူလည်း မဟုတ်နေခဲ့ပါဘူး။
YOU ARE READING
Love Language [Complete]
FanfictionNCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - Oct 1, 2023 [SUN] End - Dec 12, 2023 [TUE]
![Love Language [Complete]](https://img.wattpad.com/cover/353374918-64-k676087.jpg)