3

274 32 0
                                    

ချယ်ရီတွေပွင့်ပြီ။

Jenoက အခန်းပြတင်းပေါက်ကနေ အထပ်လိုက်ဖြစ်နေတဲ့ ခေါင်မိုးလေးတွေကို ထိုင်ကြည့်နေတယ်။ ဒီရောက်တဲ့ကာလတွေအတွင်း ဒီမြင်ကွင်းကို နေ့တိုင်းနီးပါး မြင်တွေ့နေရပေမဲ့ Jenoအတွက် ရိုးသွားတယ်လို့မရှိဘူး။ အဲ့ဒါက Jaeminရဲ့ ဘေးတိုက်မျက်နှာ ဒါမှမဟုတ် Jaeminရဲ့အရိပ်ကို ခိုးငေးရတာလောက် ရင်ခုန်ရတာမျိုးမရှိပေမဲ့ Jenoက ဒီမြင်ကွင်းကို နေ့တိုင်းနီးပါး ကြည့်လေ့ရှိတယ်။

ချယ်ရီတွေပွင့်တဲ့ရာသီဆိုရင် လေတိုက်လိုက်တိုင်း Jenoရဲ့အခန်းထဲကို တချို့ ချယ်ရီပွင့်ဖတ်လေးတွေက လေနဲ့ ဝေ့ဝဲပြီး ရောက်လာတတ်တယ်။ အနံ့ဖျော့ဖျော့လေးရှိတဲ့ ချယ်ရီပန်းတွေကို Jenoက ကြိုက်တယ်။

"Jeno..."

အခန်းတံခါးကိုဖွင့်ပြီး ဝင်လာတဲ့ Jaeminရဲ့ခေါ်သံက Jenoရဲ့နောက်ကျောကို တောင့်မတ်သွားစေတယ်။ ခုနလေးတင် ကြည်လင်နေတဲ့စိတ်တွေက Jaeminကိုမြင်လိုက်တာနဲ့ ရေကန်ထဲကို ခပ်ကြီးကြီးကျောက်တုံးတစ်ခု ပစ်ချလိုက်သလိုမျိုး လှုပ်ခတ်သွားစေတယ်။

Jaeminက အခန်းပြတင်းပေါက်နားက ကုတင်ပေါ်မှာ ပုံ့ပုံ့လေးထိုင်နေတဲ့ Jenoရဲ့ဘေးက အိပ်ယာအလွတ်မှာ ဝင်လှဲတယ်။ Jenoကတော့ မနေတတ်စွာနဲ့ ခြေဖျားလေးတွေကိုတောင် ကုပ်ထားမိတယ်။ သူ့အိပ်ယာပေါ် ပိုင်စိုးပိုင်နင်းနဲ့ လာလှဲနေတဲ့ Jaeminကို ငုံ့ကြည့်ချင်ပေမဲ့ သူ့ခန္ဓာကိုယ်က တောင့်မတ်နေတုန်းပဲ။ မတော်တဆ ငုံ့ကြည့်လိုက်လို့ Jaeminနဲ့ အကြည့်ချင်းဆုံသွားရင် သူဘာဖြစ်မှာလဲ။

"အန်တီတို့ရော..."

"မမနဲ့ ကုန်တိုက်သွားတယ်"

Jaeminက Jenoကို မော့ကြည့်တယ်။ ဒါပေမဲ့ Jenoကတော့ ခုနကအတိုင်း ပြတင်းပေါက်ဘောင်ပေါ်မှာ မေးတင်ထားရင်းနဲ့ အပြင်ဘက်ကို ကြည့်နေတုန်းပဲ။ စိတ်ကတော့ ပြင်ပမြင်ကွင်းတွေဆီမှာ ရှိမနေခဲ့ဘူး။ သူ့ပေါင်နဲ့ ထိနေတဲ့ Jaeminရဲ့ လက်ဖျံကို တွန်းဖယ်ချင်စိတ်ဖြစ်နေတယ်။

Jaeminက သူ့အသားကို နည်းနည်းလောက် လာထိရင်တောင် Jenoက ရင်ခုန်လွန်းနေပြီ။ အခုနောက်ပိုင်း သူက Jaeminနဲ့ နီးနီးကပ်ကပ်မနေတော့ဖို့ ကြိုးစားနေပေမဲ့ အိပ်မက်ထဲမှာတော့ သူက သူ့ကိုယ်သူ ထိန်းချုပ်မထားနိုင်ဘူး။ Jaeminကို ခဏခဏ....။

Love Language [Complete]Donde viven las historias. Descúbrelo ahora