Final - 2

474 29 4
                                    

နောက်ရက်မနက် နိုးလာကတည်းက Jeno လန်းဆန်းတက်ကြွနေမိတယ်။ အခုချိန်ထိ မနေ့ညက ဖြစ်ခဲ့သမျှကို အစစ်အမှန်တွေလို့ မယုံကြည့်နိုင်သေးဘူး။ သူ့အဝတ်အစားတွေကိုဝတ်ပြီး ဂွမ်းစောင်ထူထူကြားထဲမှာမြုပ်နေတဲ့ Jaeminကို မတ်တပ်ရပ်နေရင်းက အကြာကြီးကြည့်နေမိတယ်။

ကြည့်နေရင်းက မခံနိုင်လောက်အောင် အသည်းယားလာတော့ တစွန်းတစပေါ်နေတဲ့ Jaeminရဲ့ ပါးမို့လေးပေါ် ဖိနမ်းလိုက်ရတယ်။ အိပ်မောကျနေတဲ့ Jaeminကတော့ အေးစက်စက်အထိအတွေ့ကြောင့် တစ်ချက် တွန့်ခနဲဖြစ်သွားပေမဲ့ နိုးမသွားသေးဘဲ စောင်ကို ခေါင်းလုံမတတ် ဆွဲယူခြုံရင်း ပြန်အိပ်ပျော်သွားပြန်တယ်။

Jenoက Jaeminကိုကြည့်ပြီး မခံမရပ်နိုင်အောင် အသည်းယားနေရတယ်။ သက်တူရွယ်တူတွေဖြစ်ပေမဲ့ Jenoက Jaeminကို ဆယ်ကျော်သက်ကောင်‌လေးတစ်ယောက်လိုမျိုး ထင်နေတုန်းပဲ။

"Jaemin na....ငါ ဘယ်လိုလုပ်ရမလဲ"

Jenoက ခပ်တိုးတိုးရေရွတ်ပြီး တစ်ကိုယ်တည်း ရယ်လိုက်မိတယ်။ ထို့နောက် အခန်းထဲကနေ ပြန်ထွက်ပြီး Jaemin နိုးလာရင် စားဖို့အတွက် ချက်ပြုတ်ပြင်ဆင်နေလိုက်တယ်။ အဲ့လိုလုပ်နေတုန်းမှာလည်း Jenoက တစ်လျှောက်လုံး ပြုံးနေခဲ့တာ။

သူ ချက်ပြုတ်ပြင်ဆင်ပြီး နာရီကြည့်တော့ မနက်(၁၀)နာရီထိုးပြီးပြီမို့ Jaeminကိုနှိုးဖို့ အခန်းထဲပြန်ဝင်လာတော့ Jaeminက ရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ အိပ်ယာပေါ်မှာ မျက်လုံးတွေမှိတ်ထားပြီး ထိုင်နေတာကို တွေ့ရတယ်။

"Jaeminnie...မနက်စာ စားရအောင်"

Jeno ပြောပေမဲ့ Jaeminက ပြန်မပြောဘူး။ Jeno အခန်းတံခါးဘောင်ကို ပခုံးစွန်းနဲ့မှီထားရင်း Jaeminကို ကြည့်နေမိတယ်။ ဘယ်လိုဖြစ်ပြီး လူတစ်ယောက်က အဲ့လောက်ချောနိုင်ရတာလဲ။ မနက်ခင်းမှာတောင် Jaeminက အစွမ်းကုန်အောင် ကြည့်ကောင်းနေတုန်းပဲ။

"Jaemin...."

"Awwn..၊ ငါးမိနစ်လောက် ထပ်အိပ်လို့ရသေးလား"

Jenoက မျက်လုံးမပွင့်တပွင့်နဲ့ ပြောနေတဲ့ Jaeminကိုကြည့်ပြီး လှိုက်လှိုက်လှဲလှပြုံးလိုက်မိတယ်။ ပြီးတော့ Jaeminဆီကို ‌လျှောက်သွားလိုက်ပြီး Jaeminကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Aug 13 ⏰

Add this story to your Library to get notified about new parts!

Love Language [Complete]Where stories live. Discover now