Jaemin နဲ့ မတွေ့ရတာ (၂)ရက်ရှိပြီ။
ဒီတစ်ပတ်ပိတ်ရက်တော့ ကိုယ်စီအိမ်ပြန်ဖြစ်ကြတယ်။ သောကြာနေ့အတန်းက မနက်ခင်းတစ်ပိုင်းတည်းပဲတက်ရတာမို့ အိမ်ကို ချက်ချင်းပြန်ကြရတာနဲ့ သူတို့နှစ်ယောက် မတွေ့ဖြစ်ကြဘူး။ Jenoက Jaeminကို အရမ်းလွမ်းနေပြီ။
ငယ်ငယ်က Jaeminကို တွေ့ရဖို့ နေ့ရက်တွေအများကြီး စောင့်ဆိုင်းခဲ့တာဆိုပေမဲ့လည်း အခု သူတို့နှစ်ယောက် အနေနီးစပ်သွားတော့ တစ်နေ့တာလေးတောင် ခွဲချင်စိတ်မရှိတော့ဘူး။ မတော်တဆများ Jaeminက သူ့ကို ထားခဲ့ရင် ဘယ်လိုလုပ်ရမလဲ။
Jenoက စိုးရိမ်စိတ်တွေ များလွန်းမက များနေပြီမို့ ရင်ထဲမှာ ပူလောင်လာတယ်။ အဲ့ဒါကြောင့် သူ Jaeminဆီကို ဖုန်းဆက်လိုက်ပေမဲ့ Jaeminက ဖုန်းပြန်မဖြေဘူး။ ဆက်တိုက်ခေါ်ရင်ရပေမဲ့ Jenoက သူ့ကြောင့်နဲ့ Jaemin စိတ်အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်သွားမှာကို စိုးရိမ်တာမို့လို့ တစ်ကြိမ်ပဲခေါ်ပြီး ဖုန်းချလိုက်တယ်။ နောက်တော့ အိပ်ယာထဲမှာ ဟိုဟိုဒီဒီလူးလွန့်နေရင်း Jaeminဆီက ပြန်ခေါ်မဲ့ဖုန်းကိုစောင့်နေရင်း သူ အိပ်ပျော်သွားတော့တာပဲ။
*ဒေါက်...ဒေါက်...ဒေါက်...
*ဒေါက်...ဒေါက်...ဒေါက်...
Jenoနားထဲမှာ တံခါးခေါက်သံကို ကြားနေရတာမို့ အိပ်ရာကနေ လန့်နိုးလာခဲ့တယ်။ အသံလားရာက ပြတင်းပေါက်ဆီကမို့လို့ သူ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တော့ အိမ်နေရင်းအဝတ်အစားတွေနဲ့ Jaeminကို မြင်လိုက်ရလို့ နည်းနည်းလန့်သွားရတယ်။
*ဖတ်!
Jenoက အိပ်မက်လား လက်တွေ့လားဆိုတာ ခွဲခြားဖို့ သူ့ပါးကိုသူ ခပ်ဖွဖွလေး ရိုက်လိုက်မိတယ်။ နည်းနည်းလေး နာသွားပုံထောက်ရင် ဒါက တကယ်ဖြစ်နေတာပေါ့။
"Jaemin...ဘယ်လို...ရောက်လာတာလဲ၊ ခဏ...ငါထွက်လာခဲ့မယ်"
ပြောပြီးတာနဲ့ Jenoက အပေါ်ထပ် လက်ရှည်တစ်ထည်ကိုဆွဲယူပြီး ပြတင်းပေါက်ကနေ ခုန်ဆင်းလိုက်တယ်။
"ဘယ်နှနာရီတောင်ရှိသွားပြီလဲ၊ ညဉ့်နက်နေပြီကို ဘာလို့လာတာလဲ၊ မနက်မှဖုန်းဆက်လည်းရတာကို..."
YOU ARE READING
Love Language [Complete]
FanfictionNCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - Oct 1, 2023 [SUN] End - Dec 12, 2023 [TUE]