မထင်မှတ်ထားသောဖူးစာ (part-1)

561 10 0
                                    

"မနက်ခင်းဆိုတာဘာလို့ဖြစ်ပေါ်နေတာလဲ ရှောင်းကျန့်"

"အဲ့တာက သူ့ရဲ့သဘာဝအတိုင်းပဲလေ မနက်ခင်းဆိုတာမျိူးကသူ့အလိုလိုဖြစ်ပေါ်နေတာပဲဘယ်သူမှလုပ်ယူထားတာမဟုတ်ပဲသူ့ဟာသူဖြစ်တည်နေတာ"

"ရှောင်းကျန့်"

"ဟုတ်ကဲ့ ပြောပါသခင်ကြီး"

"ငါ့အသက်ကအဲ့လောက်တောင်ကြီးသွားပြီလား"

"အာ အဲ့လိုလဲမဟုတ်ပါဘူး ဒီအတိုင်းရိုသေမူ့နဲ့ခေါ်ဝေါ်တဲ့နမ်စားပါ"

"ထားပါ ရှောင်းကျန့်ကြိုက်နှစ်သက်သလိုခေါ်ခွင့်ရှိပါတယ် ဒါနဲ့ ငါကရော်ဘာလို့ဒီမှာရှင်သန်နေရတာလဲ"

"ဒါကတော့ သခင်ကြီးရဲ့ဘဝပေးကံကြောင့်ပါခုလိုအေးချမ်းသာယာမူ့အပြည့်နဲ့ရှင်သန်ရတာ"

"အေးချမ်းမူ့တဲ့လား ငါ့ဘဝကမအေးချမ်းဘူး သာလဲမသာယာဘူး အမှန်တော့ငါကသေလူပဲ"

"မဟုတ်ဘူးအဲ့လိုမပြောပါနဲ့သခင်ကြီး ကျန်းမာရေးထိခိုက်မူ့ရှိနေလို့ပါသခင်ကြီးကသာမန်လူတစ်ယောက်အတိုင်းကောင်းမွန်နေပါတယ်."

ရှောင်းကျန့်ထိုသို့ပြောတော့ ရိပေါ် အရှေ့ဘက်ကိုမျက်နှာမူလိုက်ကာတိတ်ဆိတ်သွားသည်။နေရောင်တွေဖြာကျနေတဲ့မနက်ခင်းကအမှတ်တမဲ့ဆိုရွှေရောင်လွှမ်းတဲ့မနက်ခင်းလိုပါပဲ။

ဝမ်ရိပေါ်.... ဝမ်ရိပေါ်ဆိုတာနဲ့ကမ်ဘာမှာtop 1စရင်းဝင်သည့်သူဌေးကြီးတစ်ဦးပင်။အသက်က25နှစ်သာရှိသေးသည်။အောင်မြင်တဲ့စီးပွားရှင်တစ်ယောက်ဖစ်လို့နေသည်။အောင်မြင်မူ့ရဲ့နောက်ကွယ်မှာဆုံးရူံးသွားရသည်များလဲရှိသည်။ဒါကတော့ပျော်ရွင်မူ့ နွေးထွေးမူ့ အသိပညာမျှဝေမဲ့အပေါင်းအသင်းတွေ အိမ်ပြန်ရင်ကြိုဆိုနေပေးမဲ့မိသားစု လုံခြုံမူ့ပေးမဲ့အိမ်တစ်လုံး ဝမ်းနည်းအားငယ်နေရင်နှစ်သိမ့်ပေးမဲ့လက်တစ်စုံ ဒါတွေကိုသူဆုံးရူံးခဲ့ရတယ်။ စည်းစိမ် အာဏာ ပိုက်ဆံဂုဏ်ပုဒ်တွေနဲ့သာကြီးပြင်းလာခဲ့ရသည်။

ကြာလာတော့ အထီးကျန်လာခဲ့တယ် တိတ်ဆိတ်မူ့ကိုအဖော်လိုခုံမင်လာတယ် စကားလဲနည်းလာတယ် ပြီးတော့ သူ့ကိုယ်သူသေလူလို့ထင်မှတ်လာတယ်။အားလုံးကိုကျောခိုင်းဖို့အဆင်သင့်ဖြစ်နေခဲ့တယ်။

မထင်မှတ်ထားသောဖူးစာ Where stories live. Discover now