မထင်မှတ်ထားသောဖူးစာ (part-30)

82 6 0
                                    

လအတန်ကြာသွားသည်။
ရိပေါ် တွေးတော့မူ့ကယခုထက်ထိရှိနေစဲ
လွန်ခဲ့သောအတိတ်ကိုပြန်လည်မှတ်မိချင်သလို ရှောင်းကျန့် ဆိုသောသူကိုလဲပြန်တွေ့ချင်သည်။ သူကဘယ်အချိန်ကြည့်ကြည့် ကြည့်မဝတဲ့မျက်နှာလှလှလေးကိုပိုင်ဆိုင်ထားသည်။

ရိုးရှင်းတဲ့အလှနဲ့ပေါ့ပါးတဲ့စကားတွေပဲဆိုတက်သည်။ အခြားသောမိန်းကလေးတွေထက်ပိုပြီးနူးညံ့သည်။

လမ်းလဲပြန်လျှောက်နိုင်ပြီဖစ်ပေမဲ့ခုထိဆေးရုံကဆင်းခွင့်မပြုချေ။

"အဟွန်းးး သခင်ကြီးဝမ်...ဘာတွေတွေးနေတာပါလဲ"

"အော် ဘယ်တုန်းကရောက်နေတာလဲငါသိပ်သတိမထားမိပါလား"

"အတွေးထဲမျှောနေလို့နေမှာပါ သခင်ကြီး"

ထိုစကားကိုထောက်ခံသလိုခေါင်းငြိမ့်လိုက်ရင်းသက်ပြင်းချမိသည်။

"ဒါနဲ့ ဒေါက်တာကို မေးခွန်းလေးမေးချင်လို့အဆင်ပြေမလား"

"ပြေပါတယ်သခင်ကြီးမေးပါ"

"ဒီဆေးရုံက သူနာပြုရှောင်းကျန့်ကိုခုထိပြန်မတွေ့ရဘူး သူ့နာမည်ကလဲဆေးရုံစရင်းထဲမပါဘူး"

"အော် အဟဲ သူကအလုပ်ထွက်သွားတာလား မသိဘူး ဟီးး"

"အော် ဝန်ထမ်းအဟောင်းစရင်းတွေထဲမှာလဲမပါဘူးဒေါက်တာ....သူနေတဲ့နေရာကိုသိလား"

"အာ....ဟိုဟာ...တကယ်တွေ့ချင်တာလားသခင်ကြီး"

"ဟုတ်တယ် တကယ်တွေ့ချင်တာပါ"

"ဒါဆို ကျွန်တော်ကသခင်ကြီးကိုခိုးထုပ်ပြီးခေါ်သွားရတော့မယ်"

"အဲ့လိုရလား ခုသွားကြမလား"

မျှော်လင့်ချက်လေးအရောင်သန်းသွားပြီးနောက်ကုတင်ပေါ်ကချက်ချင်းထထိုင်လိုက်သည်။

"အော် ခနလေး ကျွန်တော် အဝတ်အစားသွားပြင်လိုက်အုန်းမယ်"

"မြန်မြန်လုပ်နော်ဒေါက်တာ"

လက်ထောက်ကတော့ ခေါင်းတစ်ကုတ်ကုတ်အဝတ်အစားကိုသွားပြင်ဆင်လိုက်သည်။ သူ့ဘက်ကလိုလိုချင်ချငိတွေ့ချင်သည်ဆိုမှခေါ်လာခဲ့ပါလို့ ရှောင်းကျန့် မှာထားသည့်အချိန်ကိုရောက်ရှိလာတာကြောင့် လက်ထောက်ပျော်နေသည်။သူ့တာဝန်ပြီးတော့မည်ပင်။

မထင်မှတ်ထားသောဖူးစာ Место, где живут истории. Откройте их для себя