ဥယျာဥ်တော်ထဲမှာ နေဝင်တဲ့အထိစကားတစ်ပြောပြောနှင့်သဘာဝအလှအပကိုရော်ကြည့်ရူ့ခံစားမိသည်။
"နေတောင်ဝင်တော့မယ် ကော"
"အင်းနော် အချိန်ကကုန်တာမြန်တယ်"
"ဟုတ်တယ် ကော ဒါဆိုကျွန်တော်တို့အိမ်တော်ထဲပြန်ဝင်ကြမလား"
" ပြန်ဝင်ကြမယ်လေ ပြီးတော့ဝမ်လေးကိုဒီကမ်ဘာအကြောင်းသင်ပေးရအုန်းမယ်"
"ဟုတ်တယ်ကော လာသွားကြမယ်"
ရိပေါ်ကမ်းပေးသည့်လက်ကိုရှောင်းကျန့်ဆုပ်ကိုင်ပြီးမတ်တပ်ရပ်လိုက်သည်။ထို့နောက် ရှေ့ကဦးဆောင်လမ်းပြသူအဖြစ့်ရှေ့ကလျှောက်ခဲ့ရပေမဲ့နောက်ကျောသိပ်မလုံပေ။ရိပေါ်အကြည့်တွေကြောင့်ဒီအရွယ်ရောက်မှနည်းနည်းရှက်စိတ်ဝင်မိသည်။
သေးသွယ်နေတဲ့ခါးသိမ်သိမ်လေးကြောင့်ရိပေါ်စိတ်မရိုးမရွဖစ်ခဲ့ရသည်။ကျောပြင်ကျဥ်းလေးကိုကြည့်ရင်းတစ်လူပ်လူပ်သွားနေတဲ့သူ့ရဲ့ခြေလှမ်းလေးတွေနောက်ထပ်ချက်မခွာလိုက်ခဲ့သည်။အစိမ်းနုရောင်မြက်သားလေးပေါ်ကထိုသူ့ခြေရာလေးတွေကိုစိန်တောင်စီထားချင်ရသည်။
ရိပေါ်သူ့ရဲ့အတွေးကိုသူသဘောတကျပြန်တွေးရင်းပြုံးမိပြန်ပါပြီ......
အိမ်တော်ထဲသို့ရောက်သို့ ရေချိူးသန့်စင်ဖို့အခန်းဆီသို့အသီးသီးဝင်သွားကြတော့သည်။
ထိုနောက် ပြီးစီးတော့ ရိပေါ်အခန်းထဲကထွက်လာကာ ဧည့်ခန်းထဲမှာ ေရှာင်းကျန့်ကိုထိုင်စောင့်နေသည်။
"အယ် စောင့်ရတာကြာသွားလား ဝမ်လေး"
"မကြာပါဘူး ကော ရပါတယ်"
"အာ့ဆို အခြေခံကနေစသင်ပေးမယ်နော်"
"ဟုတ်ကဲ့ ကော"
ချိူသာလှတဲ့ ကော ရဲ့စကားသံလေးတွေက ဒီလောကအကြောင်းကိုပြောဖို့မထိုက်တန်ပြန်ပါဘူး။မူယာများတဲ့လောကကြီးက နွေးထွေးမူ့ရှိတဲ့လူတွေနည်းပြီး အေးတိအေးစက်လူတွေများကြသတဲ့....လိမ်ညာလှည့်ဖျားတက်ကြသလိုတိုးတက်ခေါတ်မှီနေတဲ့ကမ်ဘာကြီးတဲ။