"ယွမ်ယွမ် ငါမင်းကိုဝေ့ရင်းဘေးနားမှာထားတာကာကွယ်ပေးဖို့လေ "
"ဟုတ် ဟုတ်ပါတယ်အရှင်မင်းကြီး ယွမ်ယွမ်မှားပါတယ် ယွမ်ယွမ်သေသင့်တဲ့အပြစ်ကိုကျူးလွန်မိပါတယ်"
"အယ် အရှင် ယွမ်ယွမ်မှာဘာအပြစ်မှာမရှိပါဘူး အဲ့လိုမလုပ်ပါနဲ့ မက်မွန်သီးစားချင်လို့ခူးခိုင်းမိတာပါသူ့မှာဘာအပြစ်မှာမရှိပါဘူးနော်အရှင်"
"ဒါပေမဲ့..."
"ခွင့်လွှတ်လိုက်ပါအရှင်ရယ် ပြီးတော့ငါလဲဒဏ်ရာရတာမှမဟုတ်တာသိပ်လဲထွေထွေထူးထူးမရှိပါဘူး"
"ဟင်းးးးဒီတစ်ခါငါဝေ့ရင်းမျက်နှာကြောင့်မင်းကိုခွင့်လွှတ်လိုက်မယ်နောက်တစ်ခါဆိုမလွယ်ဘူးမှတ်ပါ"
"ဟုတ် ဟုတ်ကဲ့ပါအရှင်မင်းကြီး ကျေးဇူးကြီးမြတ်လှကြောင်းပါ ကျေးဇူးတင်ပါတယ်သခင်လေးဝေ့"
"ရတယ် ယွမ်ယွမ် ငါ့ကြောင့်ပါ...ကဲမင်းနားလို့ရပြီနော်"
"ဟုတ်ကဲ့ပါသခင်လေးဝေ့"
အရှင်မင်းကြီးနဲ့သခင်လေးဝေ့ကိုတရိုတသေဦးညွှတ်လိုက်ကာ နန်းဆောင်အပြင်ဘက်သို့ထွက်ခွာသွားတော့သည်။
နန်းဆောင်ထဲမှာ အရှင်နဲ့ဝေ့ရင်းသာကျန်နေခဲ့တော့သည်။တိတ်ဆိတ်မူ့ဟာကြာကြာမခံနိုင် ခါးကနေကိုင်ကာ ပေါင်ပေါ်ဆွဲတင်လိုက်တာကြောင့်အလန့်တကြားဖြစ်ရသည်။
"အရှင် ဘာလုပ်တာတုန်း"
"ခုံပေါ်မှာထိုင်နေတာမနာလိုလို့"
"ဟမ်...အရှင်ကလဲပေါက်ပေါက်ရှာရှာသဝန်တိုနေပြန်ပြီ"
" အဲ့တာချစ်တာလို့ခေါ်တယ်"
"သွားပါ မယုံနိုင်ဘူး"
ချစ်ရသူ လည်တိုင်လေးကိုနမ်းရှိုက်ရင်းတစ်ဆင့်တစ်ဆင့် နှုတ်ခမ်းပါးလေးဆီရောက်ရှိလာသည်။တူညီတဲ့အနမ်းရှိန်နဲ့အတူသာယာစွာလူးလွန့်နေသည်။ထို့နောက် နမ်းနေသည့်ကြားကရုန်းထွက်လိုက်သောဝေ့ရင်းကြောင့်လန်ကျန့်ခမျာဆန့်တငင့်ငင့်သာ
"ဘာဖစ်လို့လဲဝေ့ရင်း"
"အရှင်ကလူကြားထဲမှာ နမ်းတယ်မှုးမတ်တွေရော်အခြားမိဘုရားတွေရော်မြင်ကုန်ပြီလားမသိဘူး ရှက်တာရယ်လိုမဟုတ်ပေမဲ့ ကြောက်တာအရှင်နဲ့ငါနဲ့ကိုနည်းလမ်းအမျိူးမျိူးနဲ့ခွဲကြရင်ဘယ်လိုလုပ်မလဲအရှင်ကအသိဉာဏ်မရှိဘူးလားအရူးကြီးရဲ့ ဟင့်"