ရှောင်းကျန့် အလုပ်တွေပြီးစီးအောင်လုပ်ပြီးသည့်နောက် နာရီကြည့်လိုက်တော့ 9နာရီတောင်တီးနေချေပြီ...
"ဟာ...သွားပြီ ဝမ်လေး ကိုဖုန်းဆက်ဖို့ချိန်းထားတာ7နာရီကို ဟင့်ငါ့ကိုစိတ်ဆိုးတော့မှာပဲ"
စရင်းတွေကိုအာရုံစူးစိုက်ထားရလို့ မျက်ရည်စတွေတောင်ဝဲတက်နေသည်။ လက်နဲ့ဖိသုတ်လိုက်ကာ ခုံပေါ်တင်ထားသည့်ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဝမ်လေးရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်။.....အတန်ကြာသည့်အထိမကိုင်သောဖုန်းကြောင့် ရှောင်းကျန့် ငိုချင်သယောင်တောင်ရှိနေပါပြီ....တကယ်ကြီးစိတ်ဆိူးသွားတာများလား... ဘယ်လိုလုပ်ရမလဲ....
သို့ပေမဲ့ ဖွင့်ထားတဲ့ပြတင်းပေါက်နားကအရိပ်တစ်ခုကိုဖျက်ကနဲရှောင်းကျန့်မြင်လိုက်ရသည်။ အမှတ်တမဲ့ဆိုတော့ ခန်နာကိုယ်လေးတုန်သွားပေမဲ့ စိတ်ကိုတင်းကာပြတင်းပေါက်နားသိုလျှောက်သွားလိုက်သည်။ ပြတင်းပေါက်ဘက်ကိုဘေးဘီဝဲယာခေါင်းပြူကြည့်လိုက်တော့မည်သည့်တစ်စုံတစ်ရာမှာမတွေ့ရ....
နောက်ဘက်ပြန်လှည့်မည်ကြံတုန်း.....
" ဘာတွေရှာနေတာလဲ"
" ဟင်...."
အသံလာရာဆီမော့ကြည့်လိုက်တော့ သစ်ပင်ခွကြားမှာထိုင်နေတဲ့ ဝမ်ရိပေါ်ကိုထင်ထင်ရှားရှားမြင်လိုက်ရပါတော့သည်....
"ကျွန်တော်ချောလို့အဲ့လောက်ကြည့်နေတာလား"
"ဝမ်လေး ဘာလို့အဲ့ပေါ်တက်နေတာလဲ တမင်သက်သက်ပြုတ်ကျသွားရင် ကောရင်ကျိူးရချည်ရဲ့ပြန်ဆင်းခဲ့နော်....."
"မသိဘူး မဆင်းဘူး ကောကကျွန်တော်ကိုပစ်ပယ်ထားတယ်သေသွားတော့ရော်ဘာထူးမလဲ ကောမှကျွန်တော်ကိုမချစ်တာ"
"ဟင်မဟုတ်ပါဘူး ခုပဲကောလဲဖုန်းခေါ်နေတာ...ဝမ်လေးကဖုန်းမကိုင်ဘူးလေ"
"ခေါ်မယ်ပြောတာဘယ်နနာရီလဲ ခေါ်နေတဲ့အချိန်ကိုကြည့်အုန်း"
"တကယ်..ကော.အလုပ်တွေနဲ့မအားလို့ပါနော်.....စိတ်မဆိုးနဲ့ဝမ်လေးရယ်"
"မဆိုးပါဘူး ကျွန်တော်စိတ်မဆိုးတက်ပါဘူး"
"ဒါဆိုစိတ်ကောက်တာလားဟင်"