လန်ကျန့်ဒီနေ့စိတ်မရွင်မလန်းဖြစ်လို့နေသည်။အနာဂတ်ခေတ်အကြောင်းအိမ်မက်မက်ခဲ့လို့ပင်။အကယ်၍အဲ့ဘက်ကိုပြန်ရောက်သွားခဲ့ရင်ချစ်တဲ့ဝေ့ရင်းဆီဘယ်လိုပြန်လာရမလဲအကြံထုတ်နေသည်။ ဒီမှာပိတ်မိနေတာကိုသဘောကျတယ်မင်းရှိနေလို့ဝေ့ရင်း....
"အရှင်မင်းကြီး...."
မိဘုရားသုံးပါးစလုံးရဲ့ခေါ်သံပင်....
"ဘာကိတ်စရှိလို့လဲ"
"အရှင်မင်းကြီးက ဘာလို့သခင်လေးဝေ့ရင်းကိုဧကရီနေရာတင်မြှောက်ရတာလဲတိုင်းပြည်ကိုကယက်ထအောင်လုပ်နေတာပါလား"
"ခုကတိုင်းပြည်ဘာဖစ်နေလို့လဲ"
"ဒါပေမဲ့...မသင့်တော်ဘူးလေအရှင်မင်းကြီးဒီလိုစုတ်ယုတ်စရာတွေကိုအရှင်မင်းကြီးကအစဖန်တီးနေရင်နောင်လာနောင်သားတွေလဲအယူတွေလွဲမှားကုန်ရင်ဘယ်လိုလုပ်ပါ့မလဲ"
"သူတို့အယူနဲ့သူတို့နှလုံးသားနဲ့ကိုက်ညီတဲ့အရာကိုလုပ်တာဘာများဆန်းနေလို့လဲ"
"အရှင်းမင်းကြီးခုလုပ်ရပ်ကတိုင်းပြည်ပျက်ကိန်းဆိုက်ပါလိမ့်မယ်"
"ငါဂရုမစိုက်ဘူး..."
"အရှင်မင်းကြီး"
"ငါလုပ်သင့်သလောက်လုပ်ခဲ့ပြီပြီ မင်းတို့အနေနဲ့ဒါကိုလက်မခံနိုင်ရင် ငါကဒီစိတ်ရူပ်စရာဘုရင်ရာထူးကိုမယူနိုင်ဘူး ငါပြောစရာမရှိတော့ဘူး မင်းတို့ပြန်တော့"
မိဘုရားသုံးပါးလုံး ဒေါနဲ့မာန်နဲ့ပြန်သွားပေမဲ့ လန်ကျန့်ရဲ့မိဘတွေရှိရာနန်းဆောင်ဆီဆက်သွားခဲ့ကြသည်။
တိုင်းသူပြည်သားတွေကလဲ ဘုရင့်လုပ်ရပ်ကိုဘာမျှမပြောခဲ့ထူးဆန်းလွန်းနေပေမဲ့ ဘုရင်ကသင့်တော်သည့်အလုပ်လုပ်သည်ဟုပဲထင်သည်။ထိုအရှင်မင်းကြီးအုပ်ချူပ်ခဲ့သည့်အခါမှ ဆင်းရဲသူမရှိတိုးတက်နေတဲ့လူနေမူ့ကိုရရှိခဲ့တာကြောင့် အရှင်မင်ကြီး လုပ်ရပ်ဟာတိုင်းသူပြည်သားတွေကိုထိခိုက်မူ့မရှိသလိူဧကရီကိုလဲ တလေးတစားရိုသေကြရမည်ဟုသတ်မှတ်ထားကြတာပင်။
/////////////////
"မောင်"
" ပြောလေ ကော"