မထင်မှတ်ထားသောဖူးစာ (part-24)

61 5 0
                                    

မနက်ခင်းသို့ရောက်တော့ ဝေ့ရင်းနာကျင်မူ့အပြည့်နဲ့နိုးလာခဲ့သည်။မနေ့ကဖြစ်ခဲ့သည့်အဖြစ်အပျက်ကိုအိမ်မက်သာဖြစ်စေချင်ခဲ့ပေမဲ့ နာကျင်မူ့တွေကအိမ်မက်မဟုတ်ဘူးဆိုတာသက်သေပြနေသလို နီရဲနေတဲ့ဒဏ်ရာတွေရော်ပင်။

"မယ်မယ်နိုးလာပြီလား"

"ဟမ်...ယွမ်ယွမ်နင်ဘယ်သူ့ကိုပြောနေတာလဲ"

ဖျော့တော့နေတဲ့အသံနဲ့တုံ့ပြန်ပြောလိုက်သည့်အပြင် ထတောင်မထနိုင်ပဲ လှဲလျောင်းရင်းသာ...

"မယ်မယ်ကိုခေါ်နေတာလေ..."

"ဘယ်သူ... "

ဖြူဖျော့နေတဲ့မျက်နှာလေးကမျက်မှောင်လေးကြုတ်ကာ ရန်တွေ့မိသည်။ နာကျင်ရသည့်အထဲယွမ်ယွမ်ကဘာတွေခေါ်အော်နေမှန်းမသိပေ..

"အော် မယ်မယ်က ခုဧကရီတစ်ပါးဖြစ်နေပါပြီ...အရှင်မင်းကြီးကလဲသခင်လေးကိုမယ်မယ်လို့ပဲခေါ်ဖို့အမိန့်ချမှတ်ထားလို့ပါ နောက်တစ်ပတ်ကျရင် မယ်မယ်နဲ့အရှင်မင်းကြီးရဲ့မဂ်လာလက်ထက်ပဲွဲကြီးကျင်းပမှာပါ"

"ဟမ်...ဘယ်လိုဖြစ်ပြီးတော့လဲယွမ်ယွမ် ငါကဘယ်လိုလုပ်ဧကရီဖြစ်ရတာတုန်း ဧကရီကမိန်းကလေးပဲဖစ်ရမှာလေ နင်တို့ဘုရင်ရူးနေသလား"

"ရူးချင်ရူးမှာပေါ့မယ်မယ်ရဲ့ မယ်မယ်ကဒီလောက်လှတာကို...မိဘုရားတွေလှတာတောင်မယ်မယ်ခြေဖျားမမှီဘူးလေ အရှင်မင်းကြီးက မယ်မယ်ကိုရူးခါနေအောင်ချစ်တာနေမှာပေါ့"

"အူကြောင်ကြောင်နဲ့... အာ့ ကျွတ်ကျွတ် ငါ့ခါးလေးကျိူးပြီလားမသိဘူး "

"အယ် မယ်မယ်ရရဲ့လား ယွမ်ယွမ် အကူအညီလိုလားဟင်"

"ရတယ် အာ့ ကျစ့် အရှင်ဘာတွေလုပ်နေတာလဲ တိုင်းပြည်ဆူပူမူ့တွေဖြစ်ရင်ဒုတ်ခပါပဲ ဟူးး"

ကုတင်ခေါင်းရင်းဘက်ကိုခေါင်းအုံးဒေါင်လိုက်ထားလိုက်ကာ သက်သောင့်သက်သာဖြစ်အောင်မှီနေလိုက်သည်။

"မဖြစ်ပါဘူး မယ်မယ်ရဲ့အရှင်မင်းကြီးကဉာဏ်ကောင်းပြီးထက်မြတ်ပါတယ်"

"သူဘယ်လောက်တောင်ရက်စက်တက်နေပြီလဲ...မြောက်နန်းဆောင်မိဘုရားကိုတောင် နန်းရင်ပြင်မှာသတ်ပစ်ခဲ့တာ...သူဘယ်လောက်တောင်အထိန်းအကွပ်မဲ့နေပြီလဲ"

မထင်မှတ်ထားသောဖူးစာ Donde viven las historias. Descúbrelo ahora