နန်းဆောင်ရောက်သည့်အထိမည်သည့်စကားတစ်ခွန်းမျှမပြောဖစ်ခဲ့ကြ...သို့ပေမဲ့ မြတ်နိုးရသူလေးအားတစ်စိမ့်စိမ့်ကြည့်နေမိသည်။
ယူဟွာ ခံစားမိသည်။ထိုနန်းတော်ကြီးရဲ့အငွေ့အသက်ကိုသူမှတ်မိသယောင်ပင်...ပြီးတော့ရင်းနှီးနေသည်။
ဘုရင့်နန်းဆောင်ဆီသို့ ယူဟွာပါလိုက်ပါလာခဲ့သည်။
အဆောင်တော်ထဲရောက်သည့်အခါ..ရုတ်တရက်ပွေ့ဖက်ခြင်းခံရတာကြောင့် မျက်ဝန်းတွေပြူးကျယ်သွားရသည်။
"ဟိတ်လူဘာလို့ဖက်တာလဲ ဖယ် ဖယ်ပေး"
"ဟင် ဟိတ်လူတဲ့လား..."
ဖက်ထားရာမှခွာလိုက်ကာပြောမိသည်။ လန်ကျန့်အရမ်းလွမ်းနေခဲ့တာပင်...စိမ်းသက်သက်အကြည့်တွေကြားကထိုလူသားလေးရဲ့ရင်ခုန်သံကိုကြားနေရသည်။ ထိုလူသားလေးနဲ့တူသည့်လူဒီကမ်ဘာမှမရှိနိုင်ပေ။လူမှားခဲ့သည်လဲမဟုတ်..
"ဟုတ်တယ် ဘာလို့လာဖက်တာလဲ ကျွန်တော်မကြိုက်ဘူး.."
"တကယ်မင်းကမနှစ်သက်တာလား"
ထိုစကားကြောင့် ရင်ထဲစို့သွားခဲ့သည်။မနှစ်သက်တာမဟုတ်ပေမဲ့ထိုလူကိုသူမသိဘူးလေ...
"ခဗျားကို ကျွန်တော် မှမသိတာ"
"ဟင်.."
တည်ငြိမ်လွန်းတဲ့လန်ကျန့်ချစ်ရသူစကားတွေကြောင့်တစ်ဟင်ဟင်တဟာဟာဖြစ်နေရသည်။
"ပြီးတော့ ဘာလို့ကျွန်တော်ကိုဒီလိုနေရာကိုခေါ်လာရတာလဲ..."
"ဒါကမင်းရဲ့အိမ်ပဲလေဝေ့ရင်း"
"ေဝ့ရင်းက ဘယ်သူလဲ...."
"မင်းနာမည်လေ အရင်းကဝေ့ဝူရှန့် ကိုယ်ကခေါ်တာ ဝေ့ရင်းလို့ခေါ်တာ မမှတ်မိတော့ဘူးလား"
"ဟင့်အင်း ကျွန်တော်ကိုအကိုနဲ့အမကယူဟွာလို့ခေါ်တယ်...ဒါပဲကျန်တာဘာမှမသိတော့ဘူး"
"ဝေ့ရင်း မင်းမသိလို့မရဘူး ကို့မှာမင်းပျောက်သွားကတည်းကအရူးမီးဝိုင်းဖြစ်နေခဲ့တာ...ကြိုးစားပြီးပြန်မှတ်မိအောင်လုပ်ဖို့လဲမတိုက်တွန်းဘူး မင်းပင်ပန်းမယ် အဓိက ကမင်းကို့အနားမှာရှိနေပေး..."