မထင်မှတ်ထားသောဖူးစာ (part-22)

58 3 0
                                    

🚨🚨🚨

မနက်ခင်းပိုင်းမှာမိဘုရားသုံးပါးစလုံးနန်းပြင်ဘက်ထွက်ခွာသွားပေမဲ့ လန်ကျန့်အနေနဲ့သတိမထားဖြင့်စိတ်လဲမဝင်စားပေ...တိုင်းပြည်ရေးရာနဲ့အလုပ်ရူပ်နေသည်မို့...

နေ့လည်ပိုင်းမှာတော့​ေဝ့ရင်းဆီသွားတွေ့ပေမဲ့ ချစ်ရသူလေးကအဆောင်တော်မှာရှိမနေပဲမပြောမဆိုနှင့်သူ့၏မိဘအိမ်သို့ပြန်သွားသည်တဲ့....ယွမ်ယွမ်လဲပါသွားပေမဲ့စိတ်မချရ...

"ချန်ယွမ် ငါဝေ့ရင်းနောက်လိုက်သွားမယ်ပြင်ဆင်ပေးခုချက်ချင်း"

"ဗျာ...အဲ့တာက..."

" ငါစကားရှည်ရှည်ပြောရတာမကြိုက်ဘူး"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီးအမိန့်အတိုင်းပါပဲ"

မြင်းစီစဥ်ပေးလိုက်ကာသာမန်အိမ်တော်ကလူတွေဝတ်စားဆင်ယင်ပုံအတိုင်းဝတ်ဆင်လိုက်သည်။ထို့နောက်ကိုယ်ရံတော်အနည်းအကျင်းခေါ်ကာဝေ့အိမ်တော်ဘက်သို့ဦးတည်လာခဲ့တော့သည်။

"သားလေး နန်းတော်ထဲမှာမနေတော့နဲ့....အဖေတို့အိမ်တော်ပဲပြန်လာနေပါနော်"

ယွမ်ယွမ်ကအဆောင်အပြင်ဘက်မှာရပ်နေတာဖြစ်ပြီးမိသားစုစကားပြောမည်ဟုသောကြောင့်ရှောင်ပေးနေရသည်။

"အဖေ နန်းတော်ထဲမှာနေတာဘာလို့လဲဟင်"

"သားလေး မင်းကိုအဖေအဆုံးအရူံးမခံနိုင်ဘူးကျေးဇူးပြုပြီးဘုရင်ကြီးနဲ့ကင်းကင်းနေပါ"

"ဟင် အရှင်ကဘာဖစ်လို့လဲ အဖေပြောနေတာကိုဘာမှနားမလည်တော့ဘူး"

"နန်းတော်ထဲကမာယာတွေကအရမ်းများတယ်သားလေးသာတစ်ခုခုဖြစ်ရင်ဒီအဖေနဲ့ဒီအမေရင်ကျိူးမှာသားရဲ့"

"ဟင့်အင်း အရှင်ကသားကိုအပြည့်အဝကာကွယ်ပေးမှာတဲ့...သားဘာမှမဖြစ်ပါဘူးအဖေနဲ့အမေစိတ်မပူပါနဲ့နော်"

"မဟုတ်သေးဘူးသား....ဘုရင်ရဲ့မျက်နှာသာပေးမူ့ရတာကံကောင်းပေမဲ့အသက်နဲ့နီးတဲ့ပျော်ရွင်မူ့ပဲသားလေး ခုကစပြီးဘုရင်နဲ့ဝေးဝေးနေရမယ်ဒါတွေအားလုံးက သားအတွက်ပဲ "

"ဟင့်အင်း ဟင့်အင်းမဟုတ်ဘူးသားအတွက်တစ်ခုမှမရှိတဲ့ရွေးချယ်မူ့ကြီးပဲအဖေတို့ဖိအားပေးနေကြတာပဲ"

မထင်မှတ်ထားသောဖူးစာ Nơi câu chuyện tồn tại. Hãy khám phá bây giờ