အပိုင်း(၁)

838 20 0
                                    


ကမ္ဘာတည်သရွေ့ချစ်နေမယ်

အပိုင်း(၁)

    
  "Jeon Jungkook ငါမင်းကိုချစ်တယ်"

လူစုံနေတဲ့ကန်တင်းတစ်နေရာ......ကျွန်တော့်စကားကြောင့်ဘေးပတ်လည်ရှိလူတွေဝိုင်းအုံလာသည်။ အထူးအဆန်းဖြစ်နေမှာပေါ့ ကျွန်တော့်လိုလူကချစ်ခွင့်ပန်တာကို တစ်ချို့ကပြစ်တင်ဝေဖန်သလို တစ်ချို့က ကျွန်တော်ကသတိအရမ်းရှိတာဘဲလို့ချီးကျူးခံရပြန်ရော......ကျွန်တော်လူတွေရဲ့စကားကိုဂရုစိုက်ဘူး......ကဲ့ရဲ့တာဘဲဖြစ်ဖြစ် ချုံ့ချတာတာဘဲဖြစ်ဖြစ်.....ချီးမွန်းတာဘဲဖြစ်ဖြစ်..... ကျွန်တော်ဂရုမစိုက်ဘူး......ဂရုစိုက်ဖို့အချိန်လည်းကျွန်တော့်မှာမရှိပါဘူး.......ဘာလို့လဲဆိုကျွန်တော်ကအမေတစ်ခုသားတစ်ခုမို့ပါ......ကျွန်တော်ဒီကျောင်းကိုရောက်တာ သုံးလလောက်ဘဲရှိသေးသည်။ ကျွန်တော်ဒီကျောင်းကိုရောက်ရောက်ချင်း ဂျောင်ကုနဲ့စဆုံချင်းဖြစ်သည်။

ကျွန်တော်ယောင်လည်လည်နဲ့လူချမ်းသာတွေတက်တဲ့ဒီကျောင်းကိုရောက်လာခဲ့တယ်.......ကျွန်တော်စာသင်ရမဲ့အခန်းကိုရှာရင်း ဆေးလိပ်သောက်နေတဲ့လူတစ်စုနဲ့စုံမိလေတော့ ကျွန်တော့်ကိုမျက်လုံးတွေကျွတ်ကျမတတ်ကြည့်နေတာ.......ကျွန်တော်လည်းကြက်သီးထလာတာကြောင့်ပြေးထွက်လာမိလျှင် ကျွန်တော့်နောက်ကနေလိုက်လာသောလူတစ်စု.....ကျွန်တော်ကကြောက်တတ်တဲ့သူတစ်ယောက်မဟုတ်ပါ.......ကျောင်းစတတ်တဲ့နေ့မှာရန်မဖြစ်ချင်တာကြောင့်ရှောင်ရှားချင်းပင်။ ကျွန်တော်ပုန်းမဲ့နေရာရှာကြည့်လိုက်တော့ နီးစပ်ရာ Toiletသို့.......အခန်းထဲဝင်လိုက်ပြီးလွတ်နေတဲ့အခန်းထဲဝင်ဖို့လုပ်ရာ အခန်းထဲမှထွက်လာတဲ့သူကြောင့်ထိုသူ့ကိုပါ အခန်းထဲပြန်ဆွဲခေါ်လိုက်မိသည်။ အသံတွေကြားလာရတာမို့ချွေးတွေတောင်စီးကျလာရသည်။ထိုစဉ်ကျွန်တော့်ကိုရွံရှာသလိုကြည့်နေတဲ့ခပ်ချောချောကောင်လေးတစ်ယောက်........မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပါးလွှာသောနှုတ်ခမ်းတွေ..........အလွန်ကိုကြည့်ကောင်းပြီးဆွဲဆောင်မှုရှိတဲ့ခပ်မိုက်မိုက်စတိုင်နဲ့မိမိုက်နေသောသူ.......တစ်ခုခုပြောဖို့ပါးစပ်ဟလိုက်တာကြောင့် ကျွန်တော်ကိုယ်တိုင်တောင်မသိလိုက်ဘဲ အရှေ့ကလူကိုနမ်းလိုက်မိခြင်းပင်။ ကျွန်တော်သူ့ကိုနမ်းလို့ရလိုက်တဲ့ ရလဒ်က..........

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now