ကမ်ဘာတည်သရွေ့ချစ်နေမယ်Ep_29
နှာခေါင်းထဲတိုးဝင်လာတဲ့ ကင်မ်ချီနံ့လေး။မွေးကြိုင်နေတဲ့အနံ့လေးကိုနှာခေါင်းလေးရှုံ့ကာရှုံ့ကာဖြင့်အနံ့ခံနေမိသည်။ညကသောက်တာများပြီးခေါင်းတွေလည်းထိုးကိုက်နေသည်။
မူးနောက်နေတဲ့ခေါင်းကိုကိုင်ရင်းထိုင်လိုက်သည်။ဖွာလန်ကြဲနေတဲ့ဆံသားတွေကိုထပ်မံဖွလိုက်သည်အထိမျက်လုံးတို့ကမပွင့်သေးပေ။
အိပ်ယာဘေး စားပွဲခုံပေါ်က နာရီကိုလက်နဲ့လိုက်စမ်းတော့မတွေ့သဖြင့် ဖင်ရွှေ့ကာလက်လှမ်းလိုက်ချိန်မှာတော့ Seok Jin ကုတင်ပေါ်ကပြုတ်ကျလေသည်။
"အမေ့!!! အားးး!"
ထိုအခါမှမျက်လုံးတို့ကပွင့်လာပြီးနာသွားတဲ့တင်ပါးလေးကိုပွတ်သပ်ရင်းကုန်းထလေတော့.....
"အမေ့ရေ.....လုပ်ပါဦး....ငါဘယ်ကိုရောက်နေတာလဲ.....ဘာတွေဖြစ်ခဲ့တာလဲ.....ဟားးး"
ဆံပင်တွေကိုစုပ်ဆွဲကာစဉ်းစားဟန်ပြုတော့ ခေါင်းထဲတစ်ခုမှပေါ်မလာ။အဝတ်အစားတွေကလည်းညကဝတ်ထားတာတွေမဟုတ်ပြန်။သူဘယ်တွေရောက်ပြီး ဘာတွေဖြစ်ခဲ့တာလဲ။ငါသေပြီ။ငါရူးချင်နေပြီ။ဘယ်လိုလုပ်ရမလဲ။
အခန်းထဲဝေ့ဝဲကြည့်တော့လည်းသဲလွန်စတစ်စုံတရာမတွေ့ရှိပေ။ထို့ကြောင့် Seok Jinလည်းဟင်းနံ့ရရှိရာနေရာကိုသွားရန်သာဆုံးဖြတ်လိုက်သည်။
"ဟင်!!!Kook"
အပေါ်ပိုင်းဗလာနဲ့ ပေါင်လယ်သာသာဘောင်းဘီတိုနဲ့အတူ ဧပရွန်ကိုဝတ်ဆင်ကာချုပ်ပြုတ်နေတဲ့ Jungkook။သူအခု Jungkook ကွန်ဒိုကိုရောက်နေတာလား။ဘယ်လိုဖြစ်ပြီး သူက။
"Jeon Jungkook!!!"
အနားသွားကာ ကပ်ခေါ်လိုက်ချိန်မှာဘဲ Jungkookဟာ သူ့ခါးကိုလှမ်းဆွဲကာ နီးကပ်အောင်ပြုမူသည်။
"ဘာ.....ဘာလုပ်တာလဲ"
ပြွတ်စ်
"ဟာ....."
ဖျက်ကနဲဆိုသလိုသူ့နှုတ်ခမ်းကိုလာနမ်းသည်။သန့်ရှင်းရေးမလုပ်ရသေးတာကြောင့် နှုတ်ခမ်းတွေကိုလက်ဖြင့်အုပ်လိုက်သည်။
YOU ARE READING
ကမ္ဘာတည်သရွေ့ ချစ်နေမယ်