အပိုင်း(၃၀)

195 7 0
                                    


ကမ်ဘာတည်သရွေ့ချစ်နေမယ်

Ep_30

"လေးလေးဂျွန်....ဆောက်လုပ်ရေးဘက်ကအခြေအနေကိုကျွန်တော်အားလုံးစုံစမ်းပြီးပြီ"

"မင်းလက်ထဲကိုအပ်ရမှာဘဲ သားဂျွန်....လေးလေးကလည်း ဒီဘက်မှာပြသာနာလေးနဲနဲရှိနေလို့"

တူဝရီးနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ရင်း အလုပ်ကိစ္စဆွေးနွေးနေခြင်းဖြစ်သည်။

"အလုပ်သမားခေါင်းဆောင်နဲ့မန်နေဂျာကပေါင်းပြီး လက်အောက်ငယ်သားအလုပ်သမားတွေကိုလစာပြည့်မပေးဘူးလို့လည်းသိရတယ်လေးလေး....ပြီးတော့ဆောက်လုပ်ရေးနဲ့ပတ်သတ်တဲ့ပစ္စည်းတွေကိုလည်းလျှော့သုံးနေတယ်လို့ပြောနေကြတယ်"

"လေးလေးလည်းတစ်ယောက်ထဲဆိုတော့ အဲ့ဘက်ကိုလွှတ်ထားလိုက်မိတာ.....ခုရောဆောက်လုပ်ရေးပိုင်းကတော်တော်ပြီးသွားပြီလား"

"ထင်သလောက်လည်းမပြီးသေးဘူးလေးလေး......ကြန့်ကြာနေတာကလည်း အလုပ်သမားတော်တော်များများကလစာနည်းလို့ထွက်သွားတဲ့သူတွေကများနေတယ်.....အဲ့ဒါကြောင့်"

"အင်းး.....ဒါဆိုသူတို့ကိုအုပ်မိအောင်လို့ သားဂျွန် ဒီနေ့ နေ့လယ်ဘဲသွားလိုက်....Yoongi လည်းရောက်နေတာဆိုတော့ သူ့ကိုပါခေါ်သွားလိုက်"

မစ္စတာဂျွန်ပြောတော့ Jungkook ကဂုတ်ပိုးကိုလက်နဲ့ပွတ်ရင်း မျက်နှာလွှဲသည်။Yoongiကိုခေါ်မသွားချင်သည့်အပြုအမူ။

"ဘာလဲ မင်းကတစ်ယောက်ထဲသွားမလို့လား"

မစ္စတာဂျွန်က မျက်မှန်ကိုင်းကိုပင့်ရင်းပြောတော့ Jungkookကရယ်သည်။

"ကျွန်တော့်မှာ အဖော်ရှိတယ်လေးလေး"

ရယ်ကျဲကျဲနဲ့ပြောလာတဲ့ရုပ်ကတကယ့်ကလေးလေးတစ်ယောက်လိုပင်။ Seok Jinနဲ့ဘယ်လိုပတ်သတ်နေလဲဆိုတာလည်းသူသိသည်။ဒါပေမယ့်မရီးလုပ်သူကသဘောတူလိမ့်မည်မထင်။

တချိန်ကရန်ငြိုးတွေကြောင့်ဆိုပိုမှန်လိမ့်မည်။သူက​တော့ဘာမှ​ပြောစရာမရှိ။သားဂျွန်သ​ဘောသာ။​ကောင်​လေးကလည်းဆရာဝန်တစ်​ယောက်ဘဲမလား။ငြင်းစရာမှမရှိတာ။အဓိကက မရီးဖြစ်သူရဲ့ဆန္ဒပင်။

ကမ္ဘာတည်သရွေ့ ချစ်နေမယ်Where stories live. Discover now