ကမ္ဘာတည်သရွေ့ချစ်နေမယ်အပိုင်း(၁၀)
Seok Jin နိုးလာတော့သူလဲခဲ့တဲ့နေရာမဟုတ်ဘဲရင်းနှီးပြီးသားနေရာဖြစ်နေခဲ့သည်။သူ့အိမ်။သူအိမ်ကိုပြန်ရောက်နေခဲ့တာဘဲ....သူ့ကိုရောဘယ်သူလာကယ်ခဲ့တာလဲ......ဆစ်ကနဲထိုးကိုက်လာတဲ့ခေါင်းကြောင့်လက်ဖနှောင့်နှစ်ဖက်ဖြင့်နားထင်ကိုသက်သာလိုသက်သာငြားနှိပ်နယ်နေမိသည်။
"သားသတိရလာပြီလား"
".........."
ဆန်ပြုတ်ပန်းကန်လေးကိုင်ကာဝင်လာသောမေမေ.......
"ဆေးသောက်ဖို့ ဆန်ပြုတ်လေးအရင်သောက်ရအောင်"
မေမေကသူ့ကိုကလေးတစ်ယောက်လိုဆန်ပြုတ်ကိုဇွန်းနဲ့ခပ်ရင်းတစ်ဖူးဖူးနဲ့မှုတ်ကာသူ့ကိုခွံ့လာသည်။သူလည်းတစ်ဇွန်းပြီးတဇွန်းမေမေခွံ့ကျွေးတာကိုစားနေမိတာတစ်ပန်းကန်တောင်ကုန်သွားပြီ.......
"ဆေးသောက်လိုက်ဦးနော်သား"
"သား......"
"ဆေးသောက်ရမှာကြောက်ရအောင်မင်းက ကလေးလား Seok Jin"
မေမေ့ရဲ ့ခပ်မာမာအသံကြောင့်သူလည်းဆေးလုံးကိုယူကာပါးစပ်ထဲသို့အလျင်အမြန်ထည့်ကာရေနဲ့မျှောချလိုက်သည်။နောက်မို့ဆိုခါးလွန်းလို့ပြန်တောင်အန်ထွက်ဦးမယ်........
ဆေးသောက်ပြီးတော့မေမေကသူ့ကိုစောင်သေချာခြုံပေးလာသည်။သူ့ကိုအိမ်အထိဘယ်သူလာပို့တာလဲသိချင်တာကြောင့်မေးလိုက်သည်။
"မေမေ သားကိုဘယ်သူလာပို့တာလဲဟင်"
"အင်း....ခပ်ချောချောကောင်လေးတစ်ယောက်ဘဲ....သားတို့အတန်းထဲကလို့တော့ပြောတာ...ကဲနားလိုက်ဦး မေမေလည်းလုပ်စရာရှိတာသွားလုပ်လိုက်ဦးမယ်"
Seok Jin ခေါင်းငြိမ့်ပြလိုက်ပြီးမေမေထွက်အသွားကိုကြည့်ကာအပြင်ရောက်ပြီဆိုတာနဲ့ကိုယ်ကိုစောင်းကာ ခေါင်မိုးထပ်ကအကြောင်းကိုပြန်စဉ်းစားနေမိသည်။
သူတောင့်မခံနိုင်တဲ့အဆုံးလဲကျဖို့ဖြစ်ရာသူ့ကိုတစ်စုံတစ်ယောက်ကပွေ့ဖက်လာတာကြောင့်လဲမကျတဲ့အပြင်သူ့ကိုယ်လေးကနွေးထွေးသွားရသည်။ဘယ်သူဘယ်ဝါဆိုတာသဲသဲကွဲကွဲမမြင်ရပေမယ့်ထိုသူရဲ့လှုပ်ရှားမှုအရိပ်အယောင်တွေကိုတော့ဝိုးတဝါးမြင်နေရသည်။
YOU ARE READING
ကမ္ဘာတည်သရွေ့ ချစ်နေမယ်