ကမ္ဘာတည်သရွေ့ချစ်နေမယ်Ep-18
"အဲ့တော့ မင်းငါနဲ့အိပ်ရမယ်"
"အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့ Jungkook ငါကအမြင်မတော်လို့ကူညီပေးခဲ့တာ....ဒါကိုကျေးဇူးမတင်ဘဲ ငါ့ကိုစော်ကားနေတာမလွန်လွန်းဘူးလား"
သူ့အပြောကြောင့် Jungkookကသူ့ကိုအုပ်မိုးထားရာမှဖယ်ခွာသွားကာ ပုခုံးနှစ်ဖက်ပင့်ပြလာပြီး ငါမသိဘူးဆိုတဲ့ပုံစံမျိုးလုပ်ကာထွက်သွားသည်။
သူလည်း Jungkookဆီကပိုက်ဆံတောင်းရန်နောက်ကနေလိုက်လာခဲ့လိုက်သည်။Jungkookကဧည့်ခန်းဆိုဖာပေါ်မှာထိုင်လိုက်တာကြောင့် သူလည်း Jungkookနားသွားကာလက်ဝါးဖြန့်လိုက်သည်။
"အမေ့!"
Jungkook သူ့ရှေ့လက်လာဖြန့်တဲ့လက်ဖဝါးနုနုကိုလှမ်းဆွဲလိုက်တော့ ခန္ဓာကိုယ်ငယ်လေးဟာ သူ့ပေါင်ပေါ်ပစ်ကျလာခဲ့သည်။
အဟက်....အားတော်တော်နည်းတာဘဲ။
"ဘာ.....ဘာလုပ်တာလဲ Jeon Jungkook"
Seok Jin အလန့်တကြားဖြင့်ရုန်းတော့ JungkookကSeok Jin ခြေထောက်တွေကိုပေါင်ကြားထဲထည့်ညှပ်ကာထိန်းချုပ်လိုက်သည်။လက်တွေကိုလည်း Jungkookကရုန်းလို့မရအောင် လက်ကောက်ဝတ်နှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
Jungkook ကနောက်ကနေလက်တွေကိုဆုပ်ကိုင်ထားတာမို့ Seok Jinကိုယ်လေးဟာ Jungkookရင်ခွင်ထဲမှာလှုပ်လှုပ်ရွရွဖြစ်နေခဲ့သည်။
"ပိုက်ဆံမက်တာ ကျောင်းတုန်းကအတိုင်းဘဲနော်"
"အ့!"
ပြောပြီးကျွန်တော် Seok Jinရဲ့နားရွက်ဖျားလေးကိုဆွဲငုံလိုက်တော့ ခန္ဓာကိုယ်ငယ်လေးဟာ တုန်သွားသည်။
"ဘာ...ဘာလုပ်တာလဲ Jeon Jungkook.....ငါ့ကိုလွှတ်စမ်း"
"............"
နားရွက်ဖျားတွေဆွဲငုံခံလိုက်ရကြောင့် ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးဓာတ်လိုက်သွားသလို ကျင်ခနဲ။
"ငါပိုက်ဆံပေးမှာမို့ ငါနဲ့ဆိုဖာပေါ်မှာအိပ်မလား...ဟမ်"
"ပိုက်ဆံဟုတ်လား.....ငါပိုက်ဆံမက်လို့မင်းဆီကတောင်းနေတယ်လို့ထင်နေတာလား....ငါကငါ့လုပ်အားခကိုငါတောင်းနေတာ......ပိုလည်းမယူသလို လိုလို့လည်းမရဘူး"
![](https://img.wattpad.com/cover/353616376-288-k883348.jpg)
YOU ARE READING
ကမ္ဘာတည်သရွေ့ ချစ်နေမယ်