ကမ္ဘာတည်သရွေ့ချစ်နေမယ်အပိုင်း(၃)
"ဟေ့ အဝယ်တော်လေး မင်းကို Jungkookကရေကူးကန်ကိုလာခဲ့ပါတဲ့"
Seok Jin အတန်းထဲဝင်ခါနီးပြောလိုက်တဲ့ Jungkook သူငယ်ချင်းတွေကြောင့်ခြေလှမ်းတွေရပ်တန့်ကုန်သည်။Jungkookကငါ့ကိုချိန်းတယ်တဲ့လား......Jungkookထိုင်နေကျခုံကိုကြည့်လိုက်တော့ရှိမနေပေ..........ဒါဆိုတကယ်ပေါ့........
"ကျောင်းခေါ်တော့မယ်လေ"
တစ်ယောက်က Seok Jin နားလျှောက်လာပြီး
"သူရောက်တည်းကမှာခဲ့တာ မင်းမသွားရင်သူကမင်းကိုစောင့်နေမှာ"
"တကယ်လား"
Seok Jinမေးတော့ဟုတ်တယ်ဆိုတဲ့အမူအယာနဲ့ခေါင်းငြိမ့်ပြလာသည်။ ကျောင်းလည်းခေါ်တော့မှာမို့အခန်းရှေ့မှမြန်မြန်သာထွက်လာခဲ့လိုက်သည်။ ရေကူးကန်ရောက်တော့ Jungkookကိုပတ်ရှာနေမိသည်။ Seokတွေ့လိုက်ပါပြီ စာကြည့်စားပွဲလိုမျိုးခုံမနိမ့်မမြင့်လေးပေါ်ကိုကောင်မလေးတစ်ယောက်ကိုတင်ကာ ကောင်မလေးရဲ့လည်ပင်းတွေကိုနမ်းရှိုက်နေကာလက်တွေကလည်းကောင်မလေးရဲ့ရင်သားတွေဆီမှာ.......Seok Jinထိုမြင်ကွင်းကိုတွေတွေကြီးကြည့်နေမိသည်။ ငါ့ကိုခံစားရအောင်လို့တမင်သက်သက်ဒီကိုလာခိုင်းခဲ့တာလား......ငါ့ကိုပြန်မချစ်ရင်တောင်ခံစားရအောင်မလုပ်ပါနဲ့လား......မျက်စိတွေမှိတ်ထားတဲ့ကောင်မလေးကသူ့ကိုမြင်သွားလို့ထင် Jungkookထံမှရုန်းထွက်လိုက်ပြီးကြယ်သီးတွေကိုပြန်တပ်နေသည်။
"ကို ချစ်သွားတော့မယ်"
"အင်း"
ကောင်မလေးကို Jungkookပြုံးပြလိုက်ပြီးလက်ကိုခပ်ဖွဖွအနမ်းပေးလိုက်သည်။ နာကျင်စမ်း....မင်းနာကျင်လိုက်စမ်းပါ......မျက်ရည်တွေရစ်သိုင်းနေတဲ့သူကိုကြည့်ကာ Jungkook ခပ်မဲ့မဲ့ပြုံးလိုက်သည်။ မင်းလာမယ်ဆိုတာသိလို့ မင်းမြင်အောင်တမင်လုပ်ပြနေခဲ့တာ ဟက်....
Jungkook Seok Jin ရှိရာလျှောက်လာခဲ့လိုက်ပြီး......
"မင်းရောက်လာပြီလား"
"အင်း"
Seok Jin Jungkook အမေးကြောင့်ခေါင်းငြိမ့်ပြီးမေးလိုက်သည်။
YOU ARE READING
ကမ္ဘာတည်သရွေ့ ချစ်နေမယ်