ကမ္ဘာတည်သရွေချစ်နေမယ်
အပိုင်း(၁၂)
ဒီနေ့ Seok Jin ရဲ့အိမ်ပြန်လမ်းတွေဟာသာယာနေခဲ့သည်။စိတ်တွေလည်းလန်းဆန်းနေခဲ့သည်။ပြန်တွေးတိုင်းရင်ခုန်ရသည်။တစ်ခါတစ်လေပြေးသွားလိုက်....ပြီးရင်ချက်ချင်းရပ်ကာ ခပ်မြန်မြန်လေးလမ်းပြန်လျှောက်လိုက် တစ်ယောက်ထဲလမ်းမှာအလုပ်ရှုပ်နေလေသည်။
"ငါဖတ်ဖူးတဲ့စာအုပ်တွေထဲမှာတော့ တံထွေးကဒဏ်ရာကိုအကျက်မြန်စေတယ်တဲ့"
"အ...အဲ့တော့ ငါဘာလုပ်ပေးရမလဲဟင်"
"မျက်လုံးမှိတ်ထားပေး"
Seok Jinလည်း Jungkook ပြောတဲ့အတိုင်း ဘေးချင်းကပ်မျက်နှာချင်းဆိုင်အနေအထားဖြင့်မျက်လုံးတွေကိုမှိတ်လိုက်သည်။
ထိုစဉ်ခပ်နွေးနွေးအထိအတွေ့နဲ့အတူသူ့နှုတ်ခမ်းပေါ်သို့ကျရောက်လာသောအရာ.....
Seok Jinလည်း မျက်လုံးတို့ကိုဖွင့်လိုက်လျှင် Jungkookရဲ့နှုတ်ခမ်းတွေကသူ့နှုတ်ခမ်းတွေပေါ်မှာဖိကပ်ထားတာ။သူကြည့်နေတုန်းမှာဘဲ Jungkook ကသူ့ကိုနမ်းလာခဲ့တယ်။နူးည့ံတယ်။ Jungkookရဲ့အနမ်းတွေက အရင်တုန်းသူ့ကိုနမ်းခဲ့တဲ့အနမ်းကြမ်းတွေမဟုတ်ဘဲတကယ့်ကိုနူးနူးည့ံည့ံလေး။Jungkook ပြောတဲ့ဒဏ်ရာကိုသက်သာစေတဲ့နည်းကဒီနည်းလမ်းများလား။
Seok Jin လည်း Jungkook ရဲ့အနမ်းတွေကိုတုံ့ပြန်ပေးမိသည်။ ဒဏ်ရာရှိတဲ့အောက်နှုတ်ခမ်းလေးကို Seok Jin မှငုံထွေးလိုက်သည်။ အနမ်းတွေကိုနှစ်ဦးသဘောတူပုံဖော်ခဲ့ကြသည်။မောဟိုက်ကာအသက်ရှူ ကြပ်တဲ့အထိနမ်းခဲ့ကြပြီး မှာထားတဲ့အစားအသောက်တွေကိုလည်းမစားဖြစ်တော့။ နမ်းပြီးချိန်တွင်တော့ Jungkook ရောသူရောဘာစကားမှမပြောဖြစ်တော့ဘဲအိမ်ပြန်ချိန်ကိုထိုနေရာမှနှစ်ဦးသားလမ်းခွဲခဲ့ကြသည်။
"မေမေသားပြန်ရောက်ပြီ"
Seok Jin ဟင်းချက်နေတဲ့မေမေ့ကိုသူပြန်ရောက်ကြောင်းပြောပြီး အခန်းထဲကိုပြေးဝင်ကာ လွယ်အိတ်ကိုလည်းလွှင့်ပစ်ကာ အိပ်ယာပေါ်ပက်လက်လန်လှန်ချလိုက်သည်။
ပြီးတော့သူ့နှုတ်ခမ်းသူကိုင်ကာပြုံးနေပြန်သည်။ပြုံးနေရင်းအားမရတာကြောင့်ဘေးက RJ အရုပ်လေးကိုလှမ်းယူကာဖက်လိုက်ပြန်သည်။
YOU ARE READING
ကမ္ဘာတည်သရွေ့ ချစ်နေမယ်