ကမ္ဘာတည်သရွေ့ချစ်နေမယ်
အပိုင်း(၄)
"ငါ့ကိုထမင်းယူပေး"
Tae Hyung နဲ့မျက်နှာချင်းဆိုင် ကန်တင်းတွင်ထမင်းစားနေရာ Jungkookမှသူတို့နားသို့လက်ပိုက်ကာလျှောက်လာပြီးပြောလာသောစကား....Tae Hyungကတော့ထမင်းကိုငုံ့စားနေပေမယ့် Seok Jinကတော့ Jungkookကိုမော့ကြည့်နေမိသည်။
"ဘာကြည့်နေတာလဲ မင်းကိုခိုင်းနေတာလေ ငါစားဖို့ထမင်းသွားယူပေး"
"ေြသ်.....အင်းပါ"
"မြန်မြန်သွား"
Seok Jinလည်းထမင်းစားနေရာမှထလိုက်ပြီး Jungkookအတွက်ထမင်းယူရန်သွားရသည်။
"မင်းငါ့ကိုမမှတ်မိဘူးလား"
Tae Hyung Jungkookပြောတဲ့စကားကိုမကြားချင်ယောင်ဆောင်ကာစားလက်စကိုဆက်စားနေမိသည်။
"ငါမင်းကိုမေးနေတာ Kim Tae Hyung"
ထိုအခါမှမမှိတ်မသုန်မမျက်နှာပေးနဲ့လူကိုစိတ်မရှည်စွာမော့ကြည့်လာသည်။ပြီးတော့ခေါင်းငုံ့ကာဆက်စားနေပြန်သည်။
"အဲ့ကောင်နဲ့ဝေးဝေးနေ"
Jungkookပြောလိုက်တာကြောင့် Tae Hyung ပါးစပ်ထဲထည့်မယ့်ထမင်းလုပ်က လေထဲတွင်ရပ်တန့်သွားရသည်။
"Jungkook မင်းမှာတဲ့ဟာရပြီ"
Seok Jinလည်း Jungkook ရှေ့ပန်းကန်ချပေးလိုက်ပြီး Jungkookဘေးကထိုင်ခုံတွင်ထိုင်ဖို့လုပ်ရာ......
"ဘာလုပ်တာလဲ "
အကြည့်စူးစူးတွေနဲ့ကြည့်ကာမေးလာသော Jungkook....Seok Jinမှာတော့ထိုင်ရအခက် ထရအခက်....
"ငါစားလို့မပြီးသေးဘူးလေ"
မျက်နှာငယ်လေးနဲ့ပြောလာသောအရှေ့ကအစေခံလေးရဲ့ပုံစံသည်အများမြင်ရင်အတော်သနားသွားမှာအမှန်ပင်။ ဒါပေမယ့် Jeon Jungkookဖစ်နေတော့သနားဖို့မပြောနဲ့ ပိုပြီးတော့တောင်ရွံရှာဖို့ကောင်းနေတာ......
"မင်းငါနဲ့အတူထိုင်စားဖို့အဆင့်ရှိလို့လား"
"အဆင့်"
တခြားသူဆို Kim Seok Jin တို့ပတ်ခနဲပြန်ပြောမိမှာသေချာသည်။ဒါပေမယ့် Jeon Jungkookလိုလူမျိုးနဲ့မှ Kim Seok Jinရဲ့မာနတွေသိက္ခာတွေဟာကြက်ပျောက်ငှက်ပျောက်....
YOU ARE READING
ကမ္ဘာတည်သရွေ့ ချစ်နေမယ်