ကမ်ဘာတည်သရွေ့ ချစ်နေမယ်Ep-16
"မင်းဘယ်သူလဲ"
"လက်ကိုအရင်လွှတ်ရင်ကောင်းမယ်နော်"
"ငါမေးတာကိုအရင်ဖြေ"
"မင်းအဖေ"
"ဘာကွ!"
"Tae...Tae Hyung"
ဒေါသကြောင့်ရှေ့တိုးလိုက်လျှင်ကြားလိုက်ရတဲ့အသံကြောင့်အနောက်ကိုလှည့်ကြည့်လိုက်လျှင်.....
"Jin....Seok Jin"
Seok Jin အဝတ်လဲပြီးစောင့်နေပေမယ့်အချိန်ကြာလာတာကြောင့် ထိုသူဟာအပေါ်ပြန်တက်မလာတာကြောင့်အောက်ကိုဆင်းလာခဲ့လိုက်သည်။ဗိုက်ဆာနေတာကြောင့်မီးဖိုခန်းထဲချောင်းကြည့်လိုက်လျှင်ဘေးတစောင်းမြင်လိုက်ရတဲ့သူကြောင့် Seok Jin နှုတ်ကအလိုလိုထွက်ကာနမည်ခေါ်လိုက်မိသည်။သူမမှားပေ။ဒီပုံစံ။ဒီအရပ်အမောင်း။ဒီလိုရုပ်ရည်မျိုးကိုသူမမေ့ပေ။
"မင်း.....ဘယ်လိုလုပ်"
"......."
Seok Jin ဝမ်းသာလွန်းတာကြောင့်မျက်ရည်တွေပင်စီးကျလာခဲ့သည်။ထွက်သွားတာတောင်နှုတ်မဆက်တဲ့ Kim Tae Hyung ဆိုတဲ့ကောင်ကိုစိတ်ဆိုးမိတာတော့အမှန်ပင်။
Tae Hyung လည်းအံ့သြမင်သက်စွာ Seok Jinကိုကြည့်နေမိသည်။ခုတောင်အဝတ်လဲပြီး Seok Jinကိုသွားတွေ့မလို့လုပ်နေတာ။သူထွက်သွားတာမနှုတ်ဆက်လိုက်ရတဲ့အတွက်။
"ငါ့လက်ကိုလွှတ်လို့ရပြီလို့ထင်တယ်နော်"
"......."
ကိုင်ထားဆဲလက်ကိုလွှတ်ပေးဖို့ပြောနေတဲ့အနှီးလူသားရဲ့လက်ကိုသူလွှတ်ပေးလိုက်သည်။ပြီးမှစာရင်းရှင်းကြတာပေါ့......
"အသိတွေဆိုစကားပြောလိုက်ကြပါဦး....ပြီးရင်တော့ Kim Seok Jin Shii အပေါ်ကိုပြန်တက်ခဲ့ပါဓာတ်ပုံရိုက်ရအောင်လို့"
"သြော်....အင်းပါ....ဒါနဲ့လေ ကျွန်တော့်ကို Seok Jinလို့ဘဲခေါ်ပါ"
"အင်း....ကျွန်တော့်နမည်က Park Jiminပါ....Jiminလို့ခေါ်ပေါ့....ဒီမှာ Seok Jinအတွက်လုပ်ထားတာစားလိုက်ပါဦး"
"ကျေးဇူးတင်ပါတယ်"
Jiminကိုမုန့်ပန်းကန်ကိုစားပွဲပေါ်တင်ပြီးအပေါ်ထပ်တက်ခဲ့သည်။တစ်ဝက်လောက်ရောက်ခါနီးတော့အောက်ကိုငုံ့ကြည့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက်ဖက်ကာ Seok Jinကလည်းမျက်ရည်တွေကျနေသည်။
![](https://img.wattpad.com/cover/353616376-288-k883348.jpg)