ကမ္ဘာတည်သရွေ့ချစ်နေမယ်Ep-15
After 5 years......
"Hoseok ငါအငှါးကားမောင်းဖို့ခေါ်လို့သွားလိုက်ဦးမယ် မင်းတစ်ယောက်ထဲဖြစ်တယ်မလား"
"အင်း သွားလေ"
Hoseok ကသူ့ရဲ့မူပိုင်အပြုံးလေးဖြင့်ပြုံးကာသူ့ကိုပြန်ဖြေလာခဲ့သည်။
"ဒါနဲ့မင်းဆေးရုံမသွားဘူးလား"
"အင်း....ငါသုံးရက်ခွင့်ယူထားတယ်"
"ဘာလဲငွေလိုလို့လား"
Hosekက ပြောလည်းပြောသူ့နားရောက်လာကာမေးဆက်မေးလာသည်။
"ငွေလိုတယ်ဆိုရင် ငါ့ဆီကယူသုံးလို့ရတယ်နော် Seok Jin အားနာနေစရာမလိုဘူး ငါ့မှာမင်းတို့သားအမိဘဲရှိတာ"
"......."
အမှန်ဆိုသူငွေလိုနေခဲ့တာမှန်ပါသည်။Hoseok ဆီကယူသုံးရတာလည်းများနေပြီမလား။ပေးတဲ့လူကဘာမှမဖြစ်ပေမယ့် ယူရတဲ့သူအဖို့ကတော့မျက်နှာပူလှသည်။တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ဆိုတော့ Hoseok ကိုလည်းအားနာသည်။
"ငါငွေမလိုပါဘူး Hoseok ရာ....စာတွေကအရမ်းခတ်တော့ငါလည်းပြေးချင်လာလို့လေ အဲ့ဒါကြောင့်မသွားတာ"
Seok Jin ဟန်ဆောင်ပြုံးကာ Hoseok စိတ်သက်သာရအောင်ပြောလိုက်သည်။အမှန်ဆို Hoseok ကသူငယ်ချင်းထက်ညီအကိုလိုခင်တွယ်ရတဲ့တစ်ဦးတည်းသောသူ့ရဲ့သူငယ်ချင်းပင်။သူ့ဒုက္ခတွေကို Hoseok ကိုမပေးချင်တော့ပေ။Hoseok အနစ်နာခံတာတွေကများနေပြီမလား။
"ဟုတ်ပါပြီ ဒါဆိုလည်းသွားတော့လေ နောက်ကျနေဦးမယ်"
"အင်း....ငါသွားပြီနော် ချစ်သူငယ်ချင်းလေး မွ"
"ဟာ....ဒီကောင်"
Hoseok သူ့ပါးကိုအနမ်းခံလိုက်ရတာကြောင့်ထိုပါးလေးကိုလက်ဖြင့်ကိုင်ကာ ထွက်သွားတဲ့ Seok Jin ရဲ့ကျောပြင်လေးကိုကြည့်ကာသက်ပြင်းချမိသည်။ဒီငါးနှစ်အတောအတွင်းမှာ Seok Jin ဘယ်လောက်တောင်ပင်ပန်းခဲ့ရသလဲ။အချိန်ပိုင်းအလုပ်မှန်သမျှကိုနေ့ညမပျက်လုပ်ကာဆေးကျောင်းကိုတက်ခဲ့ရသည်။ထောက်ပံ့ပေးမယ့်လူရှိတာတောင်ကျေးဇူးတရားတွေနဲ့ချည်နှောင်ခံရမှာကြောက်တဲ့ Seok Jinနဲ့ Seok Jinအမေဟာငြင်းဆန်ခဲ့သည်။သူလည်းတက်နိုင်သလောက်ကူညီခဲ့ပေမယ့် ရရင်ရသလိုပြန်ဆပ်တဲ့ Seok Jin တို့သားအမိရဲ့ရိုးသားမှုကိုသူလေးစားသည်။သူကူညီခဲ့တဲ့ပိုက်ဆံတွေကိုပြန်မတောင်းခဲ့ပေမယ့် မရရအောင်ပြန်ဆပ်တဲ့ Seok Jinကိုလည်းသူနားလည်ပါသည်။ Seok Jin လည်းသူ့အပေါ်အားနာနေမှန်းကိုသူရိပ်မိပါသည်။ဘာဘဲဖြစ်လာဖြစ်လာ Seok Jinတို့သားအမိကိုသူကူညီဖို့အသင့်ပါဘဲ.....အဘွားမရှိကတည်းကသူတို့သားအမိဟာကိုယ့်ရဲ့ဆွေမျိုးရင်းချာလိုမျိုးချစ်ခင်တွယ်တာရတဲ့ဒုတိယမိသားစုဝင်။
YOU ARE READING
ကမ္ဘာတည်သရွေ့ ချစ်နေမယ်