3
အမှုသည် မြို့တော်ဝန်၏သားနှင့် ခရိုင်ချုပ်၏တူဖြစ်တာကြောင့် နှစ်ဖက်ရှေ့နေများမှာအလွန်ပင်ခေါင်းခဲရလေသည်။ မလိုအပ်ပဲနှင့်အမှုမှာ တစ်လနီးပါးကြာနေခဲ့ပြီး တရားသူကြီးမှာလည်း အမိန့်မချရဲ ဖြစ်နေလေသည်။ Jungkookအတွက်လည်း ခေါင်းစားသောအမှုဖြစ်နေသည်။ သို့သော်လည်း ရုံးပ်ိတ်ရက်ဖြစ်သော နေ့တွင်သူ၏အိမ်သို့မြို့တော်ဝန်နှင့်သားအငယ်Jiminရောက်လာခဲ့သည်။
"မြ်ို့တော်ဝန် ကိုယ်တိုင် ရောက်လာခဲ့တာပဲ ဘာကိစ္စများရှိလို့လဲခင်ဗျ"
Jungkook၏အဖိုးသည် လူကြီးပီပီ စကားခင်းပေးလိုက်သည်။ မြို့တော်ဝန်ကသူ့ဘေးရှိ Jiminအားတစ်ချက်လှည့်ကြည့်ပြီး
"ထွေထွေထူးထူး မဟုတ်ပါဘူး....ကျွန်တော့သား အမှုကိုလိုက်ပေးတဲ့အတွက်ကျေးဇူးတင်စကားလာပြောတာပါ.....အခုတစ်ဖက်ကလည်း အမှုပြန်ရုတ်သိမ်းလိုက်ပြီဆိုတော့....."
ထိုစကားကြောင့် တစ်ချိန်လုံး ကျောမှီ၍လက်ပ်ိုက်ထိုင်နေသော Jungkookအားခါးများမတ်သွားကာ
"အမှုရုတ်သိမ်းတယ်....?"
မြို့တော်ဝန်က Jungkookအား ကြည့်၍ ခေါင်းညိတ်ပြကာ
"အမှုကရုတ်သိမ်းလိုက်ပြီဆိုတော့ မောင်ရင့်အတွက်အမှုဆောင်ခ ဘယ်လိုများပေးရမလဲ"
Jungkookသည် မြ်ို့တော်ဝန်၏ဘေးတွင်ခေါင်းငုံ့၍ ငြိမ်ငြိမ်လေးထိုင်နေသော Jiminအားကြည့်၍ မျက်မှောင်ကျုံ့မိသည်။
အမှုကိုအကြောင်းပြပြီး ဒီကောင်လေးဆီကနေ မြို့တော်ဝန်အကြောင်းစကားနှိုက်ကြည့်ရန်လုပ်ထားပင်မယ့် ယခု အမှုကပြီးပြီဆိုတော့ ဘယ်လိုနည်းနဲ့ချဥ်းကပ်ရမလဲ သူအသည်းအသန်စဥ်းစားမိသည်။
"မြေး.....မြို့တော်ဝန် မေးနေတယ်လေ"
"ကျွန်တော်သူ နဲ့စကားခနပြောချင်ပါတယ်"
မြို့တော်ဝန်သည် သူ၏အမေးအား မဖြေပဲ သားဖြစ်သူနှင့်စကားပြောချင်သည်ဟုပြောလာသော ရှေ့နေအား အလိုမကျဟန်ကြည့်၍ Jiminဘက်ကိုလှည့်ကာ မေးငေါ့ပြလိုက်သည့်အတွက် သူနှင့်Jiminက ခြံထဲသို့ဆင်းလာကြပြီး မြို့တော်ဝန်နှင့် အဖိုးကတော့ အိမ်ထဲတွင်စကားပြောရင်းကျန်ခဲ့သည်။ ခြံထဲရှိ အရိပ်ရသောအပင်အောက်တွင် Jungkookက လက်နှစ်ဖက်ဖြင့်ခါးထောက်ထား၍ မျက်ခုံးများတွန့်ချိုးထားကာ