Note: ပထမဆုံးပြောချင်တာက ဒီficကခေါင်းစဥ်အတိုင်း လူသတ်မှုကိုဦးစားပေးပြီးရေးတာပါOT7 ကိုရေးတာဖြစ်တာကြောင့် ဇာတ်လမ်းကလိုရင်းမရောက်သလိုဖြစ်ကောင်းဖြစ်နေလိမ့်မယ် dramaလည်းမဟုတ်တယ့်အတွက် love lineလည်းနည်းလိမ့်မယ် အခုထိJikookအပိုင်းနည်းနေသေးတာကိုသိပင်မယ့် ဇာတ်လမ်းသဘောအရ ထည့်ရေးလို့အဆင်မပြေသေးတော့ ထည့်မရေးသေးပါဖူး ဇာတ်ကောင်တွေကိုလည်းသူ့နေရာနဲ့သူလ်ိုတယ့်နေရာမှာလိုတယ့်ဇာတ်ကောင်က်ိုဦးစားပေးပြီးရေးမှာမလို့Jikook shipသီးသန့်ဖတ်ချင်တယ့်သူတွေအတွက် အဆင်မပြေရင်မဖတ်ပါနဲ့နော် ဘယ်ကာရိုက်တာကိုမှတမင်ချန်ထားခြင်းမဟုတ်ပါဖူး အဓိကကတော့လူသတ်မှုအကြောင်းဆိုတော့ love lineကိုဦးစားပေးပြီးမရေးဖူး နောက်ပိုင်းတွေတော့မပြောတတ်ဖူး အခုပိုင်းတွေကတော့jikookအပိုင်းလည်းနည်းဦးမှာမလို့ အဆင်မပြေရင်မဖတ်ကြပါနဲ့နော် နောက်မှjikookရေးတာမဟုတ်ဖူးလား ဘာလားညာလား ဖြစ်နေကြမှာစိုးလို့ပါ။
===================================
"စုံစမ်းရေးဋ္ဌာန အဖွဲ့၁ အခင်းနေရာသို့ရောက်ရှိ"
ရေဒါမှ တဆင့်ဋ္ဌာနချုပ်အားဆက်သွယ်ပြီးသည်နှင့် ထိုစက်ကိရိယာအား ခါးကြားထိုးလိုက်ပြီး မှုခင်းဖြစ်သည့်အဆောက်အဦး၏ဓာတ်လှေကားထဲသို့ဝင်သွားလိုက်သည်။ ၆ထပ်မြောက်တွင်ဓာတ်လှေကားရပ်၍ အခင်းဖြစ်သည့်အခန်းသို့ပြေးသွားသည့်အခါ လူအုပ်ကြီးအားတွေ့ရသည်။
အနောက်မှပါလာသော နယ်မြေခံရဲများကထိုလူအုပ်ကြီးအားလမ်းကြောင်းရှင်းရင်း
"လမ်းဖယ်ပေးကြပါ.....အရာရှိတွေရောက်လာပြီ ဘေးဖယ်ပေးကြပါ"
ထိုအခါလူအုပ်ကြီးလည်း ဘေးတစ်ဖက်ဆီသို့ကပ်လိုက်သည်။ Hoseokသည် ထိုလူအုပ်ကြီးအားဖြတ်ကာ အခင်းဖြစ်သည့်တိုက်ခန်းထဲသို့ဝင်သွားလိုက်သည့် သက်လက်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး အထက်တန်းကျောင်းဝတ်စုံဝတ်ထားသော မိန်းကလေးအားဖက်၍ အော်ငိုနေလေသည်။ ထိုမိန်းကလေးသည်မျက်နှာပြင်တစ်ခုလုံးရစရာမရှိစုတ်ပြတ်သတ်နေပြီး နောက်စေ့ပွင့်နေခြင်းကြောင့် သွေးများပန်းထွက်နေပြီး အရှေ့ဦးခေါင်းခွံမှာလည်းပွင့်ထွက်နေကာ ဦးနှောက်ကိုပင်မြင်နေရသည်။ နစ်နာသူ၏ကိုယ်ပေါ်ရှိ ဒါဏ်ရာဒါဏ်ချက်များအားကြည့်ခြင်းဖြင့် တရားခံမှာဘယ်သူမှန်းသိနေလေပြီဖြစ်သည်။ စုံထောက်များသည်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိုးထိတ်နေကြသည်။ အခင်းဖြစ်ရာနေရာတွင်ရှေ့ပြေးအနေဖြင့်ရောက်နှင့်နေသော နယ်မြေခံမှုခင်းတပ်ဖွဲ့အား Hoseokကမေးလိုက်သည်။