ညစာ စားချိန် ဖြစ်၍ထမင်းစားခန်းတွင်လူစုံနေလေသည်။ မြို့တော်ဝန်က ထိပ်ဆုံးခုံတွင်ထိုင်နေပြီး ညာဘက်တွင်NamJoon.....ဘယ်ဘက်တွင် Jiminနှင့် Jungkookဖြစ်သည်။ ညနေပိုင်းတွင်ဖြစ်ခဲ့သောရန်ပွဲအသေးစားကြောင့် ထမင်းစားဝိုင်းမှာ သုသ္သာန်ကဲ့သို့တိတ်ဆိတ်နေပြီး ဇွန်းသံပန်းကန်သံကိုသာ ကြားရသည်။ သူစိမ်းများနှင့်ပထမဆုံးလက်ဆုံစားရသော ထမင်းဝိုင်းမို့Jungkookသည်လည်း အနေရခက်နေလေသည်။ဒါကို ရိပ်မိသောJiminက Jungkook၏ပန်းကန်ထဲသို့ ဟင်းများခပ်ထည့်ပေးသည်။
"သူ့မှာ လက်မပါလို့လား"
မြို့တော်ဝန်၏စကားကြောင့် ဟင်းခတ်နေသောJimin၏လက် တွန့်သွားသလို Jungkookသည်လည်း မြို့တော်ဝန်အား မျက်လုံးလှန်ကြည့်လေသည်။ အေးချမ်းသူNamJoonမှာတော့ သူ၏ ထမင်းကိုသာအေးဆေးစားနေသည်။
"ကိုယ့်ထမင်း ကိုယ်စားအငယ်လေး!! အပိုအလုပ်တွေမလုပ်နဲ့!!"
Jiminသည် Jungkookအား အားနာသောအကြည့်ဖြင့်ကြည့်ကာ မချိပြုံး ပြုံးပြသည်ကိုJungkookက မျက်နှာလွှဲလိုက်ပြီး
"သူ့ယောကျ်ားသူ ဂရုစိုက်တာ ဘယ်လိုဖြစ်ပြီးအပိုအလုပ်ဖြစ်သွားရတာလဲ ဖေ....ဖေ"
"မင်း တို့နှစ်ယောက်ထဲရှိနေတယ်ထင်နေလား!! အကိုရောဖအေပါရှိနေတာ နားမလည်ဘူးလား!!!!"
Jungkookသည် သူ၏ထမင်းပန်းကန်ထဲမှ Jiminခတ်ထည့်ပေးထားသောဟင်းအားတစ်ဇွန်းခပ်စားလိုက်ပြီး
"ကျွန်တော်ထည့်ခိုင်းတာမှ မဟုတ်တာ......"
"ဘာကွ!!!"
မြို့တော်ဝန်သည် ဒေါသတကြီးထိုင်နေရာမှထရပ်လိုက်သည်။ NamJoonသည်လည်း Jungkook၏ထောင့်မကျိုးသော စကားကြောင့် ထမင်းစားခြင်းအားရပ်တန့်ကာ တစ်ချက်စိုက်ကြည့်မိလိုက်သည်။ Jiminကတော့ ခေါင်းငိုက်စိုက်၍သာထိုင်နေမိသော်လည်း Jungkook သည်တော့ ခေါင်းတစ်ညိတ်ညိတ်ဖြင့် ထမင်းအားအရသာရှိစွာစားပြနေသည်။
"တွေ့လား မင်းအကောင် အချိုးကို!!!"
Jimin သည် မိမိအားဦးတည်ပြီးပြောလာသော စကားအားဆက်၍နားမထောင်တော့ပဲ ထမင်းစားခန်းထဲမှ ပြေးထွက်လာကာခြံထဲသို့ဆင်းပြေးသွားသည်။ ထိုအခါမြ်ို့တော်ဝန်ကလည်းတောက်ခေါက်ကာ သူ၏ပန်းကန်အားစားပွဲပေါ်မှကြမ်းပြင်ပေါ်သို့ တွန်းထုတ်လိုက်၍ ထမင်းစားခန်းထဲမှထွက်သွားသည်။ ထိုအချိန်ထိJungkookမှာ ဘာမှမဖြစ်သည့်ပုံကဲ့သို့အေးအေးလူလူပင်ထမင်းဆက်စားနေလေသည်။ NamJoonသည်လည်းသူ၏ထမင်းစားခြင်းအား လက်စသတ် လိုက်ကာ