"ဟင်းရည် လည်းရသွားပြီ....."
အငွေ့တစ်ထောင်းထောင်းထွက်နေသော ဟင်းအရည်အိုးအားထမင်းစားပွဲ၏အလယ်တည့်တည့်တွင်နေရာချလိုက်ပြီးနောက် စားပွဲပေါ်အစီအရီချက်ပြုတ်ထားသောညစာထမင်းပွဲကိုကြည့်ရင်း ကျေနပ်စွာပြုံးလိုက်သည်။ မီးဖိုခန်းထဲမှပြေးထွက်လာပြီး ဧည့်ခန်းရှိစားပွဲပေါ်တင်ထားသော သူ၏ဖုန်းကိုယူကာတစ်နေရာသို့ခေါ်ဆိုလိုက်သည်။
တူ.........တူ.........
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာသတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှပြန်လည်ခေါ်ဆိုပါရှင်......."
နံရံတွင်ချိတ်ဆွဲထားသောနာရီကိုကြည့်လိုက်တော့ 8:27.....။
"8နာရီတောင်ခွဲနေပြီကို....."
တူ......တူ......တူ......
"ဟယ်လိုအငယ်လေး....."
သုံးကြိမ်မြောက်တုန်ခါမှုအနောက်တွင်ထွက်ပေါ်လာသော ကြည်လင်သည့်အသံကြောင့် ပြုံးလိုက်ကာ
"ရှေ့နေကြီး.....ပြန်မလာသေးဘူးလားဟင်..."
"ကိုယ်ဒီနေ့နောက်ကျမယ် ညစာစားထားနှင့် ကိုယ်ဟိုတယ်ကိုရောက်နေလို့ဒီမှာပဲစားဖြစ်လိုက်မယ်ထင်တယ်....."
အလျင်စလိုပြောနေသောစကားတို့ကြောင့်မျက်မှောင်ကျုံ့လိုက်ကာ
"ဟိုတယ်ကိုဘာလို့ရောက်နေရတာလဲ"
"မဂျီနဲ့ကွာ.......ညစာစားပြီးအိပ်ယာဝင်နှင့််"
"စောင့်နေမှာ"
တစ်ဖက်မှ အလိုမကျဟန်စကားသံထွက်လာသဖြင့် တမင်ဂျီတိုက်မိလိုက်သည်။
"တံခါးတွေသေချာပိတ်ပြီးအိပ်နှင့်နော်........"
"စောင့်နေမှာပါဆိုနေ!!"
တီ.........။
ပြတ်တောက်သွားသောဖုန်းလိုင်းလေးကြောင့် ဆိုဖာတွင်ဝင်ထိုင်လိုက်ပြီး စဥ်းစားခန်းဖွင့်ရတော့သည်။
ဒီရက်ပိုင်းအိမ်ပြန်နောက်ကျတယ်.........အိပ်ယာလည်းအတူတူမဝင်ဘူး အခုဟိုတယ်ကိုပါရောက်နေပြန်ပြီ.......။