"မဟုတ်သေးပါဘူး.......ဘာဖြစ်လို့ငါ့စျေးတန်းထဲမှာလာသတ်နေရတာလဲ......အဒေါ်ကြီးရော Sae Hoရောကငါနဲ့ပက်သတ်နေတယ့်သူတွေ....။အသတ်ခံရတာလည်းငါ့နေရာမှာ.......တကယ်ပဲဘယ်ခွေးသူတောင်းစားလက်ချက်လဲ"
"ကျွန်တော့်အထင်တော့မြို့တော်ဝန်လက်ချက်များလားလို့"
YoonGiသည် အခု Jan Sae Ho၏နေအိမ်သို့သွားနေခြင်းဖြစ်သည်။နာရေး ကိစ္စဆောင်ရွက်ပေးရန်ဖြစ်ပြီး အားကိုးရသောသူအားဆုံးရှုံးထားရသည်ကြောင့်ရော သူ၏စျေးတန်းကိုနောက်ထပ်တစ်ပတ် ပိတ်သိမ်းရန်အမိန့်စာကျလာခြင်းအတွက်ကြောင့်ပါစိတ်တွေရှုပ်ထွေးနေလေသည်။ လက်တစ်ဖက်တွင်သူ၏အပေါ်ဝတ်အင်္ကျီအားကိုင်ထားပြီး ရှပ်လက်တိုအဖြူနှင့် ဂျင်းဘောင်းဘီအားဝတ်ဆင်ထားပြီးမျက်နှာမှာမလန်းဆန်းပဲမှုန်သုန်နေလေသည်။
အနောက်မှ လိုက်လာသောနောက်လိုက်ဖြစ်သူ၏စကားကြောင့် YoonGi၏ခြေလှမ်းများတန့်သွားပြီး
"အဲ့ဒီဘိုးတော်သတင်းရောဘာကြားသေးလဲ"
"ဘရားဇီးဘက်ကလူတွေနဲ့ခြေရှုပ်နေတယ်လို့ကြားပါတယ် အကိုကြီး.....ပြီးတော့"
"ပြီးတော့.......?"
YoonGiသည် ဆက်လျှောက်နေရင်းဖြင့်မေးလိုက်သည်။ သူ၏နောက်လိုက်က အနားသို့ကပ်လာပြီးလေသံတိုးတိုးဖြင့်
"အမတ်Kimလည်း ဘရားဇီးဘက်ကိုတိတ်တဆိတ်ဆက်သွယ်နေတယ်လို့ကြားထားတယ် အကိုကြီး"
"အဟက်!! အဖိုးကြီးတွေစားခွက်လုကြဦးမယ်"
YoonGiကမဲ့ရွဲ့ကာပြောလိုက်သည်။
=====================
သံပန်းတံခါးအစိမ်းရင့်ရောင်ဖြင့်ကာရံထားသော ခြံဝန်းတစ်ခုအရှေ့၌ ခြေဖျားထောက်ကာရပ်ကြည့်နေပြီး လူအရိပ်အခြေအားအကဲခတ်သည်။ မည်သူမှမရှ်ိတာသေချာမှ သူ၏လက်ထဲရှ်ိပါဆယ်ဘူးလေးအား သံပန်းတံခါးအဝတွင် ချလိုက်၍ ထိုခြံအရှေ့မှလှည့်ထွက်ချိန်
"ဟေးး!!"
အနောက်မှလူခေါ်သံအားကြားသော်လည်း သူ့အားခေါ်သည်ဟုမထင်သောကြောင့်အရှေ့ဆက်လျှောက်သည်။