"ဒါဆို ဒီစာရင်းကပြီးခဲ့တယ့်နှစ်ရဲ့မဲစာရင်းအမှန်ဆိုတာသေချာတယ်ပေါ့"
တပည့်ဖြစ်သူ Nick အားမေးလိုက်သည်။ Nickသည် ဖိလစ်ပိုင်-ကိုရီးယား ကပြားတစ်ဦးဖြစ်ပြီး Jungkook၏လက်အောက်တွင်တောက်တိုမယ်ရလုပ်ခဲ့သည်မှာနှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ တောက်တိုမယ်ရဆိုသည်မှာလည်း သူ၏တတ်ကျွမ်းရာအလုပ်ဖြစ်သော သတင်းနှိုက်သည့်အလုပ်သာဖြစ်သည်။ ဟိုဟ်ိုဒီဒီအကုန်လုပ်တတ်သောNickက နိုင်ငံရေး၊ စီးပွားရေးကိုလည်းကောင်းစွာလှည့်ကစားတတ်သေးသည်။ ကပြားဖြစ်သောကြောင့်ရုပ်ချော၍အပြောကြွယ်သူ သူ့အဖို့သတင်းနှိုက်ရန်မှာမခက်ခဲပေ။
"ဒါပေါ့ဆရာရယ်.......ဒီစာရင်းကို မနှစ်ကမဲစစ်ဆေးရုံတာဝန်ယူခဲ့တယ့် သူကိုယ်တိုင်ပြောတာ"
"ဟုတ်လား.......အဲ့ဒီသူနဲ့ရောတွေ့လို့ရလား"
"အာ......သူက သူ့အသက်အန္တရာယ် ကိုကြောက်လို့လူလုံးတော့ထွက်မပြပါရစေနဲ့တယ့်......အဲ့ဒီအစား အသံဖိုင်တော့ယူလာခဲ့တယ်......တရားရုံးကို တင်သွင်းတယ့်အခါရတယ်မလား"
Jungkookသည် ရှေ့နေဖြစ်တာကြောင့် တရားခွင်မှ အကြောင်းအရာများအားပို၍သိကျွမ်းသည်။
"သက်သေအဖြစ်တင်သွင်းလို့ရတယ်....."
"ဒါဆို အခုဆရာဘာဆက်လုပ်မှာလဲ"
"အဖေနဲ့အမေက်ိုသတ်ခဲ့ကြောင်းသက်သေရှာရတော့မှာပေါ့........."
"ကျွန်တော်ရော ဘာကူညီပေးရဦးမလဲ"
"ငါ့အဖေနဲ့အမေက မြို့တော်ဝန်အမှုကိုဖော်ထုတ်ဖို့ကြိုးစားခဲ့တယ့်သက်သေကိုရှာထားပေး"
Nickက သူ၏နားထင်အားကုတ်လိုက်ကာ
"ခက်ပင်မယ့်.......ကြိုးစားပေးပါမယ်"
Jungkookသည် Nick၏ပခုံးအားလက်ဖြင့်နှစ်ချက်ပုတ်လိုက်ကာ
"အေးပါ......ကျေးဇူးတင်ပါတယ် "
"မလိုတာဗျာ......"
"ဒါဆိုလည်း ငါသွားပြီ"
Nickသည် မြို့ပြင်အနားတွင်နေထိုင်သောကြောင့် မြို့ထဲသို့ပြန်ဝင်လာချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ လက်မှနာရီအားကြည့်လိုက်တော့ ၅နာရီထိုးပြီးနေပြီဖြစ်သည်။ သူ၏လမ်းကြောင်းအားမြို့တော်ဝန်အိမ်ရာနှင့်ဆန့်ကျင်ဘက်အားမောင်းထွက်သွားကာ ပြုံးလိုက်သည်။