Nickနှင့်တွေ့ပြီး အပြန်၌ မြို့တော်ဝန် ၏အိမ်သို့မပြန်ပဲ အရင်ကတည်းခိုခဲ့သောဟိုတယ်၌ သွားတည်းလိုက်သည်။ ညစာစားပြီးချိန်၌ သူ၏ရှေ့ဆက်လုပ်ရမည့်အကြောင်းများအားစဥ်းစားရင်းဖြင့်နောက်ကျိလာသောခေါင်းကြောင့်စိတ်ပြေလက်ပျောက် တစ်ခွက်တစ်လေသောက်ရန် ဘားတစ်ခုသို့ထွက်လာလိုက်ပြီး မြို့တော်ဝန်၏အိမ်ကိုမည်သို့ပြန်ရောက်သွားသည်မှန်းသတိမရတော့ပေ။ ညကသူလုပ်ခဲ့မိသောအမှားများအားပြန်စဥ်းစားမိရင်းကိုယ့်ကိုကိုယ်လည်းဒေါသဖြစ်မိသည်။ အခန်းတံခါးအကွယ်မှ မိုးပြာရောင်ညအိပ်ဝမ်းဆက်ဖြင့်ကုတင်ပေါ်တွင် ဆရာဝန်စမ်းသပ်မှုကိုခံယူနေသောJiminအား ချောင်းကြည့်မိသည်။
ဒီကောင်လေး အရောင်အနုတွေနဲ့တော်တော်လိုက်တာပဲ။
အခန်းအတွင်းတွင်အိမ်တော်ထိန်းMo အပြင်အကူကောင်မလေးနှစ်ယောက်ရှိနေပြီးဆရာဝန်လည်းရှိနေသည်။မြို့တော်ဝန်ကတော့ လွှတ်တော်အစည်းအဝေးတက်ရန်မနက်အစောကတည်းကထွက်သွားပြီဖြစ်သည်။ မူးမူးရူးရူးလုပ်မိခြင်းများအပေါ်အားနာမိသလို ရှက်လည်းရှက်မိသည်။ ဒီကောင်လေးကိုသူဘယ်လိုများမျက်နှာပြရပါ့မလဲ။ မြို့တော်ဝန်၏အဆက််မပြတ် ထိုးကြိတ်သောလက်သီးချက်များသည် ယောက်ဖဖြစ်သူNamJoonရောက်လာကာမှရပ်တန့်သွားသော်လည်း ဖြစ်ကြောင်းကုန်စင်သိသွားသောအခါ သူ၏နှုတ်ခမ်းထောင့်ကွဲနေရခြင်းမှယောက်ဖ၏ လက်ချက်သာဖြစ်သည်။ အာရုဏ်တက်ချိန်တွင် အဖျားတတ်လာ၍ကယောင်ကတမ်းအော်သော ကောင်လေးအား သူ၏ဖခင်အခန်းမှ တတိယအထပ်ရှိသူတို့အိပ်ခန်းသို့အတိုက်အခံလုပ်ကာပြန်ရွှေ့လာသော်လည်း ကောင်လေးက သူ့အားအနားမကပ်ခိုင်းသောကြောင့်အခန်းအပြင်သာထွက်နေရသည်။ အခန်းအပြင်သို့ထွက်လာသော ဆရာဝန်နှင့်အိမ်တော်ထိန်းMoကြောင့်သူ၏ အတွေးတို့ရပ်တန့်သွားကာ
"ဘယ်လိုနေလဲ အဖျားကျပြီလား"
"လူနာက စိတ်ပင်ပန်းစရာကြုံသွားလို့ အဖျားဝင်တယ့်သဘောမျိုးပါ....... ဆေးသုံးရက်စာပေးထားခဲ့တယ်......မသက်သာရင်ထပ်ပြီးဆက်သွယ်လိုက်ပါ....... ထမင်းတော့မကျွေးပါနဲ့ဦး ရင်ပြည့်ပြီးနေလို့မကောင်းဖြစ်မှာဆိုးလို့ပါ"