Song Recommendation
\\ Generation Why by Conan Gray//
_______________________
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ﹒⪩⪨﹒
"ဆောနူ ကိုယ်နဲ့ပဲလိုက်ခဲ့လေ။ "အထက်တန်းကျောင်းသား ဖြစ်နေပြီးသား လူတွေကို မူကြိုကလေး လာကြိုသလို ကြိုရင်း ရှုပ်ယှက်ခတ်နေတဲ့ မိဘတွေ ကြားထဲကနေ ဆောနူ တိုးထွက်ဖို့ ကြိုးစားနေတုန်း
ဂျယ်ယွန်းရဲ့ အသံကို ကြားလိုက်ရတာမလို့ဆောနူ ခြေလှမ်းတွေကို ရပ်ပြီး ဂျယ်ယွန်းရှိရာကိုကြည့်လိုက်သည်။"စဉ်းစားမနေနဲ့တော့၊ လာခဲ့။"
ဂျယ်ယွန်းက ဆောနူကို စဉ်းစားချိန်တောင်မပေးဘဲ လက်ကို ဖွဖွလှမ်းဆွဲပြီး ခေါ်နေတာမလို့ ဆောနူလဲ ငြင်းဆန်ခြင်းပြုဖို့ မစဉ်းစားတော့ဘဲ အတူတူလိုက်ဖို့သာ တွေးလိုက်ပြီးစက်ဘီးပေါ် တက်လိုက်တော့ ဂျယ်ယွန်းကကျေနပ်သွားသလို ပြုံးလာသည်။
စက်ဘီးရွေ့လာတာနှင့်အမျှ
ညနေခင်းရဲ့ လေပြေက ဖြည်းညှင်းစွာတိုက်ခတ်လာပြီး ဆောနူကို ကျီစယ်ကလူသလို ဆံနွယ်တွေကို လွင့်စေပြီး လက်ကျန်နေရောင် အနည်းငယ်ကလဲ မျက်နှာထက်ကိုနွေးနွေးထွေးထွေး ကျရောက်လာသည်။ဆောနူလဲ အခွင့်အရေးကို လက်လွှတ်မခံဘဲမျက်လုံးတို့ကို မှိတ်ရင်း ဂျယ်ယွန်းခါးကို ဖက်ထားတဲ့ လက်တွေကို ဖြုတ်ချပြီး ဆန့်တန်းလိုက်သည်။ ဘယ်လောက်တောင် လွပ်လပ်လိုက်သလဲ။ ဒီလို အခိုက်အတန့်လေးတွေ ရှိနေလို့သာ အသက်ရှင်ရတာကို လက်မလျော့ချင်တာ။
"ငါးစက္ကန့်အတွင်း ပြန်မဖက်ရင် ပစ်ချခဲ့မှာနော်၊sunny"
ဂျယ်ယွန်းရဲ့ အသံက တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို ဖြိုဖျက်လိုက်တာမလို့
သဘာဝနဲ့ ဆက်သွယ်နေတဲ့ ဆောနူရဲ့ခန္ဓာကိုယ်လေး တုန်တက်သွားရသည်။
ရှင်းမ်ဂျယ်ယွန်းတို့က ပြောလိုက်ရင်
တအားပဲ။
![](https://img.wattpad.com/cover/352176710-288-k751537.jpg)