EPILOGUE

518 71 5
                                    

⋆˚࿔ 𝜗𝜚˚⋆

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

⋆˚࿔ 𝜗𝜚˚⋆


"ပရော်ဖက်ဆာဂျိတ်ခ်"

ရင်းနှီးနေတဲ့ အသံကို ကြားတဲ့အခါ
ဂျယ်ယွန်း ဖိုင်တွဲတွေ စီနေရာကနေ‌ အသံလာရာကို ကြည့်လိုက်သည်။ထင်တဲ့အတိုင်းပါပဲ၊ ပတ်ခ်ဆောင်ဟွန်းဆိုတဲ့ ကျောင်းသား။

ဂျယ်ယွန်းက ရူပဗေဒရဲ့ နိယာမတွေကိုအခက်အခဲမရှိ နားလည်နိုင်ပေမဲ့ fine art majorက ကျောင်းသား ပတ်ခ်ဆောင်ဟွန်းက ဘာကိစ္စကြောင့်နဲ့ သူယူထားတဲ့ မေဂျာနဲ့သက်ဆိုင်မှု နည်းနည်းတောင် ရှိမနေတဲ့ astrophysics majorဆီ ချောင်းပေါက်မတတ် ရောက်နေတာလဲ ဆိုတာတော့
သူနားမလည်နိုင်ဘူး။

ကျောင်းသားဆောင်ဟွန်းက သူ့ရဲ့
မေဂျာနဲ့ ပက်သတ်တဲ့ ပရော်ဖက်ဆာတွေဆီ အခုလိုမျိုး သွားမသွား မသိပေမဲ့
ဂျယ်ယွန်းရဲ့ သီးသန့်ရုံးခန်းနဲ့ ပရော်ဖက်ဆာတွေ စုပေါင်း အနားယူတဲ့အခန်းကိုတော့ astrophysics major ယူထားတဲ့ သူ့
(ဂျယ်ယွန်း)တပည့်တွေ ထပ်တောင် အလာ များသေးသည်။

"ဪ ဆောင်ဟွန်း၊ ဘာမေးစရာရှိလို့လဲ။"

ဂျယ်ယွန်း သူ့ရဲ့ လျောကျလက်စ ရှိနေတဲ့မျက်မှန်ကို အသာပင့်တင်ရင်း မေးလိုက်တော့ ကျောင်းသားဆောင်ဟွန်းက တစ်ခုခုကို မေးဖို့ရာ မဝံ့မရဲဖြစ်နေတာမလို့ မျက်ခုံးအသာပင့်လိုက်မိသည်။ ဘာအကြောင်းမလို့ဒီလောက် အချိန်ဆွဲနေတာလဲ။

"ဟိုဟာ၊ ပရော်ဖက်ဆာအီသန်ကို ဒီရက်ပိုင်းမတွေ့မိလို့ အဲ့တာ ဘာဖြစ်လို့လဲ ဆိုတာ
ပရော်ဖက်ဆာများ သိမလားလို့ပါ။"

နားရွက်ဖျားကို အသာကုတ်ကာ ခပ်တိုးတိုးဖြေလာတဲ့ ကျောင်းသားဆောင်ဟွန်း စကားအဆုံး ဂျယ်ယွန်းရဲ့ ခေါင်းထဲမှာ ဖြေရခက်တဲ့ပုစ္ဆာတစ်ခု လည်ပတ်သွားသည်။ကျောင်းသားဆောင်ဟွန်းက ပရော်ဖက်ဆာအီသန်ကို ဘယ်လိုအကြောင်းများကြောင့်မေးနေတာပါလိမ့်။

THE OTHER SIDE OF DEPRESSED GENERATION |sunjakeWhere stories live. Discover now